Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ် မဒေါင်းလှပျူစောထီးရွာတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှပျူစောထီးကျေးရွာ စခန်းသိမ်းတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ခင်ဦးအခြေစိုက် PDF ရဲဘော်အချို့အား တိုက်ပွဲတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-KSO

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှပျူစောထီးကျေးရွာ စခန်းသိမ်းတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

သြဂုတ်လ ဒုတိယပတ်က စတင်ပြီး ခင်ဦးမြို့နယ်မြောက်ခြမ်းရှိ မဒေါင်းလှပျူစောထီးကျေးရွာရှိ စခန်းများအား ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် သြဂုတ် ၃၁ရက်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ထိခိုက်မှုများ၍ သြဂုတ် ၃၁ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ထို့အပြင် ကန့်ဘလူမြို့နယ်မှ စစ်ကောင်စီ၏ လက်ဝေခံဝါသဝ၏ စစ်ကြောင်းနှင့် သကြားစက်မှစစ်ကြောင်းမှ အင်အား ၁၀၀ကျော်ပါ စစ်ကြောင်းစစ်ကူတက်လာ၍ ပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“မဒေါင်းလှက သိမ်းတော့သိမ်းနိုင်တယ်။ ရွာထဲလည်းကိုယ့်လူတွေ ဝင်နိုင်တယ်။ သူတို့ခြေကုပ်ယူထားတဲ့နေရာတွေ ဖျက်ဆီးနိုင်တယ်။ ဒါပေမယ့် သူတို့ဘက်က စစ်ကူအင်အားများတာရယ်၊ လေကြောင်းပစ်တာရယ်၊ ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးငယ်ရမ်းပစ်နေတာတွေရယ်ကြောင့် ပြန်ဆုတ်ထားတယ်။”ဟု ခင်ဦးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်အုပ်စုထိခိုက်မှုရှိပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ထိခိုက်ကျဆုံးမှုရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က မဒေါင်းလှကျေးရွာအနီးရှိ ကျေးရွာ ၅ ရွာခန့်ကို လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သြဂုတ် ၁၉ ရက်မှ ၂၉ရက်အတွင်း မဒေါင်းလှကျေးရွာတဝိုက်ရှိ ကျေးရွာများအား စစ်ကောင်စီက နေရာလေးခုထက်မနည်း လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ တစ်ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အခြေခံပညာကျောင်းများ ယာယီပိတ်ထားရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook