Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့နယ် စယ်လန့်ရွာမီးလောင်မှု TNLA မီးသတ် ဦးဆောင်ငြှိမ်းသတ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့်မီးလောင်မှုကို တအာင်းတပ်မတော်(TNLA) မီးသတ်တပ်ဖွဲ့က ဦးဆောင် မီးငြှိမ်းသတ်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့်မီးလောင်မှုကို တအာင်းတပ်မတော်(TNLA) မီးသတ်တပ်ဖွဲ့က ဦးဆောင် မီးငြှိမ်းသတ်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘုရားမီးပူဇော်ထားစဉ် မေ့လျော့ပြီး မီးစလောင်ခဲ့ဟု အသိပေးသည်။

မီးလောင်သည့် နေအိမ်တွင် အဖွားအိုတစ်ဦးသာ ရှိနေကြောင်း၊ မီးလောင်ချိန် ၁နာရီခန့် ကြာမြင့်ခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်းတစ်ထောင်ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ထုတ်ပြန် ထားသည်။ လူထိခိုက်မှု ရှိ၊မရှိ အခြေအနေကိုဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

မီးလောင်မှုကြောင့် နေအိမ် နှစ်လုံးအပါအဝင် ကား ၅စီး၊ ဆိုင်ကယ် သုံးစီးနှင့် အိမ်တွင်းရှိပစ္စည်းများ မီးလောင်သွားခဲ့ဟု TNLAက ထုတ်ပြန်သည်။

မီးလောင်နေသည့်နေရာကို TNLA မီးသတ်တပ်ဖွဲ့မှ ဦးဆောင်ပြီး နောင်မော်၊ မန်ဝိန်း၊ စွမ်စော်၊ ပန်ခမ်းနှင့် တိန်လုံးကျေးရွာရှိ မီးသတ်ကားများနှင့်အတူ ပူးပေါင်းပြီး မီးငြှိမ်းပေးခဲ့သည်ဟုလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။