Connect with us

Hi, what are you looking for?

သတင်း

လှိုင် (၁) ရပ်ကွက်အုပ်ကြီးအရိုက်ခံရပြီး ပြည်သူအချို့အဖမ်းခံရ

ရန်ကုန်တိုင်း၊လှိုင်မြို့နယ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အရိုက်ခံရပြီး နောက် ပြည်သူအချို့ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေထိုင်သူအချို့က ပြော သည်။

“လမ်းထဲနေသူကိုအာဏာပြပါးတွေရိုက်၊ ဆဲဆိုနေတယ်၊၊ PDF ကိုလည်း သူပုန်ဆိုပြီး အော်ဟစ်ဆဲဆိုနေပါတယ်၊၊ အရိုက်ခံရတာကို ကြည့်ပြီးမခံနိုင်လို့ လူတစ်ဦးက အုပ်ချုပ်ရေးမှူး ခေါင်းကို ဝင်ရိုက်သွားတယ်၊၊အုပ်ကြီး ခေါင်းကွဲသွားပါတယ်၊၊ရိုက်တဲ့သူက တော့ ထွက်ပြေးသွားပြီးအိမ်ရှိ ကျန်ခဲ့တဲ့ မိသားစုဝင်များကို ဖမ်းဆီးခေါ် ဆောင်သွားတယ်”

−ပြည်သူတစ်ဦး

ရဲခေါင်/People’s Spring

ရန်ကုန်တိုင်း၊လှိုင်မြို့နယ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အရိုက်ခံရပြီး နောက် ပြည်သူအချို့ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေထိုင်သူအချို့က ပြော သည်။

ကြာသာပ​တေး​နေ့(စက်တင်ဘာ ၅) ည ၉ နာရီခန့်က ဇေယျသိဒ္ဓိ(၄)လမ်းတွင် လက်တွန်းလှည်းများဖယ်ရှားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးသိန်းမြင့်ဦးက အော်ဟစ်ကြိမ်းမောင်း၍ ပြည်သူအချို့ကိုပါးရိုက်​သော​ကြောင့် လမ်းတွင်နေထိုင်သူတစ်ဦးက မခံနိုင်၍ တုတ်ဖြင့်ရိုက်နှင်ခဲ့ခြင်းဟုသိရသည်။

Public Service Announcement

Public Service Announcement

“လမ်းထဲနေသူကိုအာဏာပြပါးတွေရိုက်၊ ဆဲဆိုနေတယ်၊၊ PDF ကိုလည်း သူပုန်ဆိုပြီး အော်ဟစ်ဆဲဆိုနေပါတယ်၊၊ အရိုက်ခံရတာကို ကြည့်ပြီးမခံနိုင်လို့ လူတစ်ဦးက အုပ်ချုပ်ရေးမှူး ခေါင်းကို ဝင်ရိုက်သွားတယ်၊၊အုပ်ကြီး ခေါင်းကွဲသွားပါတယ်၊၊ရိုက်တဲ့သူက တော့ ထွက်ပြေးသွားပြီးအိမ်ရှိ ကျန်ခဲ့တဲ့ မိသားစုဝင်များကို ဖမ်းဆီးခေါ် ဆောင်သွားတယ်”ဟု ဖြစ်စဥ်ကို သိရှိ​သောပြည်သူက လူထု​နွေဦးသို့ ပြောသည်။

စစ်ကောင်စီဝါဒဖြန့်နေသည့် လူမှုကွန်ယက်အကောင့်တချို့တွင် လှိုင်မြို့နယ် ၁ ရပ်ကွက် ရပ်

ကွက်အုပ်ချုပ်ရေးမှူး ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်

ရာနှင့်ရာအိမ်မှူးတွင်ဝဲလက်ဖူးယောင်ဒဏ်ရာများရခဲ့ကြောင်း ဖြန့်ဝေထားသည်။

လှိုင်မြို့နယ်အတွင်း ယခုရက်ပိုင်း၌စစ်ကောင်စီ

ခန့် အုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှူးများ နှင့် ဒလန်များသည် ပြည်သူများကို အာဏာပြဆိုးရွားနေကြောင်းလည်း လှိုင်မြို့နယ် သတင်းအချက် အလက်စုဆောင်​သူက အသိပေးထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ သံလမ်းမှတ်တိုင်မှာ စစ်သားတွေ မူးပြီး သေနတ်နဲ့ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်အနီးနား ရှိနေသူတွေက ပြောပါတယ်။