Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် သုံးရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ

တနင်္သာရီမြို့နယ်တွင် သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် တော်လှန် ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကြောင်း ၁

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်တွင် သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် တော်လှန် ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိတွေ့တိုက်ပွဲများမှာ စက်တင်ဘာ ၄ ရက်က စတင်ဖြစ်ပွားနေပြီး ဘန်လော၊ ထုံထော်နှင့် ၆ မိုင်ရွာများအနီး တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက်ရှိရာ နှစ်ဖက်ထိခိုက်မှုများရှိနေကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

” စက်တင်ဘာ၄ ရက်နေ့ကတည်းကပြန်စနေတာပါ။ စစ်ကြောင်း ၃ ကြောင်းထိုးနေတာပါ။ တိုက်ပွဲက ၃ နေရာလုံး ဖြစ်နေပါတယ်”ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

နှစ်ဖက်တိုက်ပွဲများမှာ ပြန်ဆုတ်လိုက် ပြန်တိုက်လိုက်ဖြင့် တနေကုန်နီးပါးဖြစ်နေပြီး စစ်ကောင်စီဘက်မှ ၂၀နီးပါး ထိခိုက်သေဆုံးထားကာ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ နှစ်ဦး၊ အရပ်သားပြည်သူနှစ်ဦး ထိ ခိုက်ဒဏ်ရာများရထားကြောင်း ၎င်းက ဆက်ပြောသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကြောင်း ၁

ထို့အပြင် စင်တင်ဘာလ ၅ ရက်က ရောက်ရှိလာသော စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်သုံးစီးကို ဘန်လောရွာလမ်း ဆုံအနီး၌ တော်လှန်ရေးတပ်ဖွဲ့များက လက်ဦးမှုယူတိုက်ခိုက်ခဲ့ရာ ယာဥ်များထိုးရပ်ကာ ရှေ့ ဆက်မသွားနိုင်တော့ဘဲ ယာဥ်ပေါ်ပါ တပ် သားများလည်း သေဆုံးမှုရှိကြောင်း စစ်ကြောင်း(၂)ထံမှ သိရသည်။

အထက်ပါ ဘန်လော၊ ထုံထော်နှင့် ၆ မိုင်ရွာများအနီးတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၂၀၀ ခန့်ဖြင့် ၃နေရာခွဲဖြန့်နေရာယူထားရာ စက်တင်ဘာ ၆ ရက် ညပိုင်းအထိ နှစ်ဖက်ပစ်ခတ်မှုများဆက်ရှိနေကြောင်း စုံစမ်းသိရသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကြောင်း ၁

တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်မှ ၂၉ ရက်အထိ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook