Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် စားဆီစာအုပ်ထုတ်ပေးမည်ဆိုကာ စစ်ကောင်စီက အိမ်ထောင်စုဇယား တောင်းယူနေ

မန္တလေးမြို့တွင် စစ်ကောင်စီက စားဆီစာအုပ် ထုတ်ပေးမည်ဆိုကာ အိမ်ထောင်စုစာရင်းများတောင်းယူနေကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့တွင် စားသုံးဆီဝယ်ယူရန်တန်းစီနေသောပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် စစ်ကောင်စီက စားဆီစာအုပ် ထုတ်ပေးမည်ဆိုကာ အိမ်ထောင်စုစာရင်းများတောင်းယူနေကြောင်း မြို့ခံများက ပြောသည်။

မန္တလေးမြို့ မြို့နယ်အသီးသီးရှိ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများက စားဆီဝယ်ယူရန် စာအုပ်များ ပြုလုပ်ပေးမည်ဟုဆိုကာ တစ်အိမ်လျှင် အိမ်ထောင်စုစာရင်း မိတ္တူ ၃စောင်စီ တောင်းယူနေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အိမ်ထောင်စုဇယားထဲက ရှိတဲ့လူဦးရေအတိုင်း တစ်ယောက်ကို ၇၀သား ရောင်းပေးမယ်ပြောတာပဲ။”ဟု မန္တလေးချမ်းမြသာစည်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

သို့သော် စားဆီစာအုပ်ထုတ်ပေးမည်ဟု အကြောင်းပြကာ စစ်မှုထမ်းရန်အတွက် အိမ်ထောင်စုစာရင်း တောင်းယူနေခြင်းသာဖြစ်ကြောင်း Voice Of MDYက ရေးသားသည်။

ထို့အပြင် စက်သုံးဆီဆိုင်အချို့တွင်လည်း စာအုပ်စနစ်ဖြင့် ရောင်းချရန် စီစဥ်နေကြောင်း မန္တလေးမြို့ခံအချို့က ပြောသည်။

“နဂိုအခြေအနေအတိုင်းပြန်ဖြစ်အောင်လုပ် မယ်ဆိုတာ အဟုတ်ပဲ။ အခုဆို တိုင်းပြည်ကြီးက လွန်ခဲ့တဲ့နှစ်သုံးဆယ်ကျော်အခြေအနေအတိုင်း ပြန်ဖြစ်နေပြီ။ အကုန်လုံးခွဲတမ်းတွေနဲ့။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် မန္တလေးမြို့ စစ်ရေးအခြေအ​နေမှာလည်း ယခင်ထက် ပိုမိုလှုပ်ရှားလာပြီး ပြီးခဲ့သည့် စက်တင်ဘာ ၃ရက် နံနက်ပိုင်း​က မန္တလေးနန်းမြို့ကျုံးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား မြို့ပြပြောက်ကျားများ တိုက်ခိုက်မှုတွင် ၆နေရာထက်မနည်း ထိခိုက်ခဲ့သည်။

ထို့အပြင် ကျုံးအနီးမြောက်ပြင်၌ လက်နက်ကြီးကျ၍ နေအိမ် ၃လုံးထက်မနည်း ထိခိုက်ပျက်စီးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။