Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့ပေါ်ကို ယ‌နေ့(စက်တင်ဘာ ၉ရက်) နံနက်၁‌၀နာရီ ‌၂၅မိနစ်ကစ၍ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့နံနက်က လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ဗျူဟာလမ်းအနီးတို့တွင် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Freedom Youth Volunteers-FYV

မိထက်၊ဟန်နွေ/People’s Spring

လားရှိုးမြို့ပေါ်ကို ယ‌နေ့(စက်တင်ဘာ ၉ရက်) နံနက်၁‌၀နာရီ ‌၂၅မိနစ်ကစ၍ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

နံနက် ၁၀နာရီ ၂၅မိနစ်တွင်တစ်ကြိမ်၊ ၁၀နာရီ ၃၃ မိနစ်တွင်တစ်ကြိမ် တိုက်လေယာဉ် ၂စီးဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ဗျူဟာလမ်းအနီးတို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးကလည်း “ဟုတ်ပါတယ်။ နှစ်ခါလာကြဲသွားတယ်လို့ ပြောတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုကြောင် လူထိခိုက်မှုရှိ၊မရှိ အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီ ဗုံးကြဲလေယာဉ် ဆက်ပျံဝံနေဆဲဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နေပြည်သူများ သတိပြုနေထိုင်ရန် ဒေသခံအချင်းချင်း သတိပေးနေကြသည်။

“ဗျူဟာလမ်းကို ကြဲချတာ။ အခုပြောနေရင်းကနေ ဆက်ကြဲနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ ရပ်ကွက်(၁၂)ကို ယ‌နေ့(စက်တင်ဘာ ၈ရက်) နံနက်၄နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ကြဲချတိုက်ခိုက်ပြီးနောက် စက်တင်ဘာ ၉ရက်တွင် ထပ်မံဗုံးကြဲခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့ရွာများကို လိုအပ်သလိုတုံ့ပြန်မည်ဟု အာဏာသိမ်းခေါင်းဆောင်က ကြုံးဝါးပြီး​နောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ခမ်း၊ နောင်ချိုမြို့တို့ကိုလည်း စက်တင်ဘာ ၆ရက်က ဆက်တိုက်ဗုံးကြဲခဲ့ရာ အရပ်သား ၁၃ဦး သေဆုံးခဲ့သည်။

စက်တင်ဘာ ၈ရက်က လေကြောင်းတိုက်ခိုက်မှုတွင် လားရှိုးမြို့ မိုးလုံလေလုံအားကစားကွင်းနှင့် ရေပူစမ်းအနီးရှိ Silver Skyဟိုတယ်အနီးဗုံးများ ပေါက်ကွဲခဲ့ပြီး ဒေသခံများပိုင်ကားနှင့် ဆိုင်ကယ်အများအပြား ပျက်စီးခဲ့သည်။ယနေ့တိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှုကို မသိရသေးပေ။

စစ်ကောင်စီတပ်က လားရှိုးမြို့အပါအဝင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်နေခြင်းသည် ရိုင်းစိုင်းသောလူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် MNDAAသိမ်းပိုက်ထားသည့် လားရှိုးမြို့ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဩဂုတ် ၃၀ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာ ၈ရက်တွင် တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

Facebook