Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ်ကို ယနေ့ စစ်ကောင်စီ လေကြောင်းမှထပ်မံဗုံးကြဲတိုက်ခိုက်

တစ်ပတ်အတွင်း မင်းတပ်ရှိ နေရာ ၄ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်

စက်တင်ဘာ ၇ရက်က မင်းတပ်မြို့နယ်၊ တိုက်နယ်(၂)အတွင်း လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Hkl Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၃)တစ်နေရာကို စစ်ကောင်စီက ယနေ့ လေကြောင်း တိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးသည်။

ယနေ့ (စက်တင်ဘာ ၉ရက်)နံနက် ၆ နာရီခွဲခန့်တွင် မင်းတပ်မြို့ တိုက်နယ်(၃) တစ်နေရာကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံးနှင့် ဗုံးအသေး ၃လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

” ယခုရက်ပိုင်းအကြမ်းဖက် စခ များမှ လေကြောင်းဖြင့် ခတ်စိပ်စိပ်ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမျိုးများအားလုံးအထူးဂရုစိုက်ကြပါဗျ”ဟု မင်းတပ်ဒေသခံက လူမှုကွန်ရက်တွင် ရေးသားသတိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၇ရက်၊ ၆ရက်နှင့် စက်တင်ဘာ ၄ရက်ကလည်း မင်းတပ်မြို့နယ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စက်တင်ဘာ ၇ရက်က တိုက်နယ်(၂)၊ စက်တင်ဘာ ၆ရက်က တိုက်နယ်(၄)နှင့် စက်တင်ဘာ ၄ရက်တွင် မင်းတပ်မြို့အနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဆိုသည်။

သို့သော် အဆက်အသွယ်ဖုန်းလိုင်းများ ပြတ်တောက်နေ၍ လူထိခိုက်မှု အခြေအနေမသိရဟု မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အပြင် ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းအတွင်း လေယာဉ် အသုံးပြုပြီး မင်းတပ် ခလရ(၂၇၄) တပ်ရင်းအတွင်း လက်နက်ခဲယမ်း ရိက္ခာထုပ်များ လေထီးမှ ၃ကြိမ်ချပေးခဲ့သည်ဟု သတင်းရင်းမြစ်က အသိပေးထားသည်။

မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)အနေဖြင့် ယခုလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး အသိပေး ထုတ်ပြန်မှုမရှိသေးသော်လည်း ယခုကဲ့သို့ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်နေ၍ တိုက်ပွဲအချိန်မရွေးဖြစ်နိုင်ကြောင်း ဩဂုတ်လလယ်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ယနေ့နံနက်တွင် ရှမ်းမြောက်ရှိ လားရှိုးမြို့ကိုလည်း နှစ်ကြိမ်လေကြောင်းတိုက်ခိုက်ရာ အရပ်သား ၁၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။