Connect with us

Hi, what are you looking for?

သတင်း

ရှမ်း – ကရင်နီနယ်စပ်စစ်ဆင်‌ရေး တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၃၀သေ၊ သုံးဦး အရှင်ဖမ်းမိဟု PDFထုတ်ပြန်

ရှမ်း – ကရင်နီနယ်စပ်စစ်ဆင်‌ရေး တစ်ပတ် အတွင်း စစ်ကောင်စီတပ်သား ၃၀သေဆုံးပြီး သုံးဦး အရှင်ဖမ်းမိကာ လက်နက်အများအပြားသိမ်းဆည်းရရှိကြောင်း Loikaw Local PDF လွိုင်ကော် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ထုတ်ပြန်သည်။

ရှမ်း-ကရင်နီစစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ Loikaw Local PDF

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီနယ်စပ်စစ်ဆင်‌ရေး တစ်ပတ် အတွင်း စစ်ကောင်စီတပ်သား ၃၀သေဆုံးပြီး သုံးဦး အရှင်ဖမ်းမိကာ လက်နက်အများအပြားသိမ်းဆည်းရရှိကြောင်း Loikaw Local PDF လွိုင်ကော် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ထုတ်ပြန်သည်။

လွိုင်ကော်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(Loikaw Local Pdf)၊Loikaw PDF ၊ KNDF ၊ KNPLFနှင့် ရှမ်းတောင်အခြေစိုက်တပ် အသီးသီး တို့ ပူးပေါင်းပြီး ရှမ်း-ကရင်နီနယ်စပ်စစ်ဆင်ရေးကို စက်တင်ဘာ ၅ရက်တွင် စတင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“လွိုင်လင်လေးဘက် စကစ စခန်းတွေကို ဝင်တိုက် တာလို့သိရတယ်။ပြီးတော့ အဲဒီဘက်မှာ ခမရ (၅၃၀)အခြေစိုက်ထားတယ်။ရှမ်းတောင် ဆီဆိုင် နဲ့ လွိုင်ကော်လမ်းကြောင်းပေါ်မှာရှိတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်များ စိုးမိုးထားသော တပ် ၊ ရဲစခန်း ၊စခန်းကုန်းများအား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များမှ ထိခိုက်သေဆုံးသူ ၃၀ဦးရှိပြီး ၃ဦးအရှင်ဖမ်းမိနိုင်ခဲ့ကာ လက်နက်အများအပြား သိမ်းဆည်းထားနိုင်ခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များမှ နယ်မြေ မပေးနိုင်ရန် လေကြောင်း၊ဒရုန်း ၊ လက်နက်ကြီး အမြောက်အများသုံးစွဲခဲ့ရာတွင် လွိုင်ကော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးစိုးရိမ်ရကာ ၊ KNDF ၊KNPLF၊ ရှမ်းတောင်အခြေစိုက်တပ်များ မှလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ကရင်နီဒေသတွင်း ဆုံးရှုံးခဲ့ရသောနယ်မြေများကို ပြန်လည်ရရှိရန် ယခုနှစ်လည်ပိုင်းကစ၍ ပြန်လည်ထိုးစစ်ဆင်နေပြီး လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲများ နေ့စဥ်နီးပါး ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီ တပ်သား ၂ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။