Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ယခုစက်တင်ဘာပထမပတ်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် နီးစပ်သည့်သတင်းရင်းမြစ်က ပြောသည်။

ရေတာရှည်အခြေစိုက် တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၄) ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၄)

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ယခုစက်တင်ဘာပထမပတ်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် နီးစပ်သည့်သတင်းရင်းမြစ်က ပြောသည်။

အင်အား ၂၀၀ ခန့်ရှိသည့်စစ်ကောင်စီစစ်ကြောင်းသည် ရေတာရှည်မြို့နယ် ကရင်ချောင်းကျေးရွာသို့ ရောက်ရှိစဉ် ရေတာရှည်အခြေစိုက် တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၄) ရဲဘော်များကလက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် စက်တင်ဘာ ၆ရက်တွင်ကရင်ချောင်းမှ လာသည့် စစ်ကောင်စီတပ်များအား မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်သူ ၁၁ဦးခန့်ရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းအထိနာသည့် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ရာ PDF ရဲဘော်အချို့ ကျဆုံးထိခိုက်မှုရှိခဲ့ပြီး စက်တင်ဘာ ၈ရက်တွင်လည်း တိုက်ပွဲမဖြစ်ဘဲဒရုန်းဖြင့်တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှတ်(၃၅၀၁) တပ်ရင်း တပ်ခွဲ(၄)သတင်းပြန်ကြားရေးဌာန တာဝန်ခံထံ ဆက်သွယ်မေးမြန်းရာ စစ်ရေးအခြေအနေများ ပြောပြလို့ရသည့် အချိန်တွင်ပြောပြမည်ဟု ပြောသည်။

စစ်ကောင်စီတပ်က အရပ်သားနေထိုင်ရာများသို့ တိုက်ပွဲမဖြစ်ဘဲ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံ အချို့လည်းစစ်ရှောင်နေကြရသည်ဟု သတင်းရင်းမြစ်က ပြောသည်။

” တိုက်ပွဲဖြစ်တဲ့နားက ကဲလင်းဆိပ်တို့ ကျောက်အိုးတို့ ပိန္နဲပင်တို့ က ရွာသားတွေ စစ်ဘေးလွတ်ရာကို ရှောင်လာကြတာ။ အခုရေဘေးက ထပ်ဖြစ်တော့ အကုန်ဒုက္ခတွေ ဖြစ်ကုန်ကြပြီ”ဟု လည်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရေတာရှည်ဒေသခံများထိခိုက်သေဆုံးမှု အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက စက်တင်ဘာ ၁၀ရက်တွင် ထုတ်ပြန်အသိပေးထားရာဒရုန်း တိုက်ခိုက်ခံရမှု အတွင်း အရပ်သား ၃ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ တောင်ပိုင်းစစ်ဒေသ၏ သတင်းထုတ်ပြန်ချက်တွင် တိုက်ပွဲသတင်းဖော်ပြမထားပေ။

လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များအကြား ဆိုင်ထားသည့် အခြေအနေဖြစ်ကြောင်း၊ လတ်တလောတွင် မြို့နယ်အတွင်း ရေဘေးအန္တရာယ်ဖြစ်ပေါ်နေ၍ ဒေသခံများ စစ်ဘေးအပြင်ရေဘေးကြုံနေရကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။