Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းနှင့် ဆေးတပ်မှဗိုလ်မှူးနှစ်ဦး ဒေါနစစ်ကြောင်းထံ အလင်းဝင်

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းနှင့် ဆေးတပ်မှ ဗိုလ်မှူးနှစ်ဦး (၃၃)ဗျူဟာနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော ဒေါနစစ်ကြောင်းထံ အလင်းဝင်လာကြောင်း ဒေါနစစ်ကြောင်း ဗျူဟာ(၃၃ )စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

အလင်းဝင်လာသူ ဗိုလ်မှူးတစ်ဦးအား ဆုငွေပေးအပ်နေစဥ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း

ဒီးဒီ/People’s Spring

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းနှင့် ဆေးတပ်မှ ဗိုလ်မှူးနှစ်ဦး (၃၃)ဗျူဟာနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော ဒေါနစစ်ကြောင်းထံ အလင်းဝင်လာကြောင်း ဒေါနစစ်ကြောင်း ဗျူဟာ(၃၃ )စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ရက်တွင် အဆိုပါ စစ်ကောင်စီ၏ ဗိုလ်မှူးနှစ်ဦး အလင်းဝင်လာခဲ့ခြင်းဟု ဒေါနစစ်ကြောင်း ဗျူဟာ(၃၃ )စစ်ဆင်ရေးမှူးစောဒါးကိုက ပြောသည်။

Public Service Announcement

Public Service Announcement

“ဗိုလ်မှူးတစ်ယောက်ကတော့ သူတို့ရဲ့တပ်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ရှိနေတယ်။ တိုက်ပွဲတွေကြားက ခေါ်ထုတ်လာတာပေါ့နော်။ ကျနော်တို့ရဲဘော်တွေ ခေါ်ထုတ်လာရတာ”ဟု စောဒါးကိုက ပြောသည်။

အဆိုပါ ဗိုလ်မှူးမှာ သေနတ် ၂လက်နှင့် ကျည်များယူဆောင်လာသည်ဟု ၎င်းက ဆိုသည်။

“ဆေးတပ်ကဗိုလ်မှူးကလည်း ချိတ်ဆက်ပြီး ဝင်လာတာ”ဟု စောဒါးကိုက ပြောသည်။

ဒေါနတပ်ရင်းထံဆက်သွယ်ကာ CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင် ခိုလှုံလာမှုအပေါ် ဒေါနတပ်ရင်းက လုံခြုံနွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ထားသည့်အပြင် CDM ပြုလုပ်သည့်အရာရှိများအား ပြည်သူ့ကာကွယ်ရေးတပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ပြည်သူ့သားကောင်းများအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်ဟု ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ စစ်ရေးရှုံးနိမ့်မှုများနှင့် နယ်မြေဆုံးရှုံးမှုများကြုံတွေ့နေရပြီး တပ်တွင်းတွင်လည်း မတရားမှုများ၊ အောက်လက်ငယ်သားများအနေဖြင့် စိတ်ဓာတ်ကျဆင်းမှုများ အကြီးအကျယ်ခံစားနေရပြီဖြစ်သဖြင့် ပြည်သူလူထုအားမျက်နှာမူသည့် ပြည်သူ့စစ်သားစစ်စစ်များအား ဒေါနတပ်ရင်းက အချိန်မရွေးနွေးထွေးစွာကြိုလျက်ရှိပြီး အသက်အန္တရာယ်အာမခံချက်ဖြင့် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားမည်ဟု ဒေါနစစ်ကြောင်းက ထပ်မံအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။