Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေက ဒီကနေ့ (စက်တင်ဘာ ၁၇)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေက ဒီကနေ့ (စက်တင်ဘာ ၁၇)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း၊ နောက်ပြန်လှည့်မကြည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းတွေက အာဏာသိမ်းစစ်တပ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာလည်း ”ခေတ်ဟောင်းချိုးဖျက် ဒို့မျိုးဆက် သပိတ်အင်အားစု” ရဲ့ တကြော့ပြန်လူထုလှုပ်ရှားမှု အားကောင်းလာရေးအတွက် လူထုသပိတ် ချီတက်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်သပိတ်အင်အားစု (၇၉)ကြိမ်မြောက် ကုလသမဂ္ဂသံတမာန်ရေးရာတိုက်ပွဲမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြုသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေက “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားတွေကို ကိုင်ဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ကျေးလက်တော်လှန် ပြည်သူ့အသံ သပိတ်စစ်ကြောင်းက ၁ဝ၂၇ ဒုတိယလှိုင်းကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ချီတက်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး စစ်ကောင်စီတပ် အခြေစိုက်ရာ လောင်းလုံးမြို့ပေါ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အာဏာရှင်စနစ် အသက်ဆိုးရှည်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပြဌာန်းထားတဲ့ မတရားစစ်မှုထမ်းဥပဒေကို ပြည်သူတရပ်လုံး အင်တိုက်အားတိုက် ဆန့်ကျင်ကြဖို့ လှုံ့ဆော်လိုတဲ့အတွက် “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရား စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ခေါင်းစဥ်နဲ့ ယင်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ DDMSC က ဆိုပါတယ်။

​ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။