Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် CDM ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏မောင် မသန်စွမ်းအမျိုးသားကို စစ်ကောင်စီကဖမ်းဆီးပြီး မောင်ဖြစ်သူအားသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် CDM ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏မောင် မသန်စွမ်းအမျိုးသားကို စစ်ကောင်စီကဖမ်းဆီးသွားပြီး အမျိုးသားအားသတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် CDM ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏မောင် မသန်စွမ်းအမျိုးသားကို စစ်ကောင်စီကဖမ်းဆီးသွားပြီး အမျိုးသားအားသတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ဘုတလင်မြို့နယ်၊ကံသာကျေးရွာမှ CDM ကျောင်းဆရာမတစ်ဦးသည် မောင်ဖြစ်သူနှင့် အတူ စက်တင်ဘာ ၁၉ရက် နံနက်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” ရွာကနေမြို့တက်လာထူတုန်း လမ်းမှာဖမ်းသွားတာ။ ဖမ်းပြီးမကြာဘူး သူ့(ကျောင်းဆရာမ)မောင်ရဲ့ လို့အလောင်းကို လမ်းဘေးမှာတွေ့တယ်။ ကျောင်းဆရာမကိုလည်း ဘယ်မှာဖမ်းထားတယ်မသိသေးဘူး”ဟု ဘုတလင်မြို့ခံတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသူသည် အသက်(၂၀)ခန့်အရွယ် ကိုဟန်တင့်ဆိုသူဖြစ်ပြီး ခြေထောက်တစ်ဖက်မသန်စွမ်းသူဖြစ်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံထားရသည့်ကျောင်းဆရာမအတွက် မြို့ခံများနှင့်မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဘုတလင်မြို့ပေါ်တွင် ယနေ့တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံကြဲတိုက်ခိုက်နေရာ အသေးစိတ်အခြေနေကိုမသိရှိရသေးကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။