Connect with us

Hi, what are you looking for?

News

စဥ့်ကိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်စွဲ​နေရာ ဗုံးဖြင့်ပစ်၍ ၁၀ဦးခန့်​သေဆုံးနိုင်ဟု ​ကျောက်ဆည် PDF ထုတ်ပြန်

အဆိုပါဖြစ်စဥ် ဖြစ်ပွားခဲ့သည်မှာမှန်ကန်ကြောင်း၊ စစ်​ကောင်စီတပ်သားအသေအပျောက်စာရင်းမှာမှု မသိရသေးကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်တွင် ခန်းမတစ်ခုအတွင်း တပ်စွဲ​နေ​သောအကြမ်းဖက်စစ်​ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂၁ ရက်) နံနက် ၂နာရီအချိန်တွင် စဥ့်ကိုင်မြို့နယ် ရွာဘိုကျေးရွာရှိ ရွာလယ်ခန်းမထဲတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်အင်အား ၇၀ ခန့်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အလစ်အငိုက် ဗုံးဖြင့်ပစ်၍တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ကျဆုံးနိုင်ကြောင်း ကျောက်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဥ် ဖြစ်ပွားခဲ့သည်မှာမှန်ကန်ကြောင်း၊ စစ်​ကောင်စီတပ်သားအသေအပျောက်စာရင်းမှာမှု မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အလျင်အမြန်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြကြောင်း ကျောက်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook