Connect with us

Hi, what are you looking for?

LuduNwayOo

News

စဥ့်ကိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်စွဲ​နေရာ ဗုံးဖြင့်ပစ်၍ ၁၀ဦးခန့်​သေဆုံးနိုင်ဟု ​ကျောက်ဆည် PDF ထုတ်ပြန်

အဆိုပါဖြစ်စဥ် ဖြစ်ပွားခဲ့သည်မှာမှန်ကန်ကြောင်း၊ စစ်​ကောင်စီတပ်သားအသေအပျောက်စာရင်းမှာမှု မသိရသေးကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်တွင် ခန်းမတစ်ခုအတွင်း တပ်စွဲ​နေ​သောအကြမ်းဖက်စစ်​ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂၁ ရက်) နံနက် ၂နာရီအချိန်တွင် စဥ့်ကိုင်မြို့နယ် ရွာဘိုကျေးရွာရှိ ရွာလယ်ခန်းမထဲတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်အင်အား ၇၀ ခန့်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အလစ်အငိုက် ဗုံးဖြင့်ပစ်၍တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ကျဆုံးနိုင်ကြောင်း ကျောက်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဥ် ဖြစ်ပွားခဲ့သည်မှာမှန်ကန်ကြောင်း၊ စစ်​ကောင်စီတပ်သားအသေအပျောက်စာရင်းမှာမှု မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အလျင်အမြန်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြကြောင်း ကျောက်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။