Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာအခက်အခဲရှိလာ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာအချို့မှ ပြည်သူများမှာ စစ်ဘေးရှောင်နေရသည့်ကာလ တစ်လကျော်လာ၍ စားနပ်ရိက္ခာအခက်အခဲများရှိနေကြောင်း သတင်းရရှိသည်။

ရေဦးနှင့် ဒီပဲယင်းနယ်မှ စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာအချို့မှ ပြည်သူများမှာ စစ်ဘေးရှောင်နေရသည့်ကာလ တစ်လကျော်လာ၍ စားနပ်ရိက္ခာအခက်အခဲများရှိနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်အတွင်းက ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက မြို့ပေါ်ကို စစ်အင်အားဖြည့်တင်းပြီး ပြန်လည်အထိုင်ချထားခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေ၍ ဒီပဲယင်းမြို့ပေါ်ပြည်သူများ၊ ပျော်ဘွယ်ရွာနှင့် မြို့အရှေ့ဘက်ရှိ ရေဦးနယ်အနောက်ခြမ်း မစိုးရိမ်ကျေးရွာမှ ပြည်သူ ၅၀၀ကျော်တို့သည် ယနေ့အထိ ရက်ပေါင်း ၄၀ကျော်ကြာ တိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“ရှောင်နေကြတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ ကလေးမိခင်တွေ အများဆုံးပါဝင်တယ်။ ဆန်၊ ဆီ ဟင်းချက်စရာ ကူညီနိုင်သလောက် ကူညီပေးထားကြပေမယ့် ရက်ရှည်ဖြစ်နေတော့ ကူညီရေးက မလောက်ငှတော့ဘူး။ သူတို့ဟာသူတို့ တတ်နိုင်သလောက်ရုန်းကန်ပြီး ချက်ပြုတ်စားသောက်နေကြရတာ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိ မစိုးရိမ်ကျေးရွာစစ်ရှောင်ပြည်သူများအား ဆန်၊ဆီ နိုင်သလောက်ကူညီသွားရန်ရှိပြီး ပြည်သူများ ပါဝင်ကူညီပေးကြရန် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံသည်။

ဒီပဲယင်းမြို့အား ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်က တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်စစ်ကူများကြောင့် တော်လှန်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

Facebook