Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ် ကဘဲရွာပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကဘဲကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့၏ စခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ခွာ ထွက်ပြေးသွားသည်။

ကဘဲရွာပျူကင်းစခန်း တိုက်ခိုက်ရာပါဝင်သော PLA၏ ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - PLA

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကဘဲကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့၏ စခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ခွာ ထွက်ပြေးသွားသည်။

အဆိုပါ ပျူစောထီးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက် နံနက် ၂ နာရီကျော်တွင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ကဘဲရွာနဲ့ အနောက်က ပျူရွာတွေကို ကာထားတဲ့ ကင်းစခန်းပုံစံမျိုး ဖြစ်ပါတယ်။ ဘန်ကာတွေနဲ့ အခိုင်အမာတည်ဆောက်ထားတာပါ။ ဘန်ကာ‌တွေအောက်မှာ မြေအောက်လိုဏ်ခေါင်းတွေ တည်ဆောက်ထားတာကိုလည်း တွေ့ရပါတယ်။ ရန်သူအင်အားက ၂၀ လောက်တော့ရှိမယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ချဉ်းကပ်နေတဲ့ အချိန်မှာပဲ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတာပါ။ ပြန်လည်ခုခံတာမျိုး မရှိဘူး။”ဟု PLA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“အဲကောင်တွေ အကုန်လုံးထွက်ပြေးတယ်။ ကဘဲရွာဘက်ပြန်ပြေးတယ်။ ကာကင်းနဲ့ ကဘဲရွာက နည်းနည်းလှမ်းတယ်။”ဟု တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်မှ ရဲဘော်များ ထိခိုက်မှုမရှိဘဲ စခန်းအား မီးရှို့၍ နံနက် ၄နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေးအားကောင်းရာဒေသဖြစ်သည့် တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၆ရက်ကလည်း တန့်ဆည်မြို့နယ်မြောက်ပိုင်း ကျွန်းလည်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏ ကင်းစခန်းကို ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများပါ ရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်က စစ်ရှောင်စခန်း ၄ ခုထက်မနည်း ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

သတင်း

■မိုးဆက်တိုက်ရွာနေသဖြင့်​​ရေ​ဘေးသင့်ပြည်သူ​တွေ သောက်သုံးရေနဲ့စားနပ်ရိက္ခာ အရေးပေါ်လို နေ

သတင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ရွှေလှန်ကျေးရွာမှာ ကလေးငယ် ၁ဦးနဲ့ အမျိုးသား ၁ဦး ရေစီးနဲ့ မျောပါပျောက်ဆုံးနေပြီး ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။