Connect with us

Hi, what are you looking for?

သတင်း

ရေဦးနဲ့ တန့်ဆည်က စစ်ရှောင်စခန်း ၄ ခုထက်မနည်း ရေမြုပ်ပြီး အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်က စစ်ရှောင်စခန်း ၄ ခုထက်မနည်း ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

(ရေဘေးပါထပ်ရှောင်ရတဲ့ စစ်ဘေးသင့်ပြည်သူများ ဓာတ်ပုံံ-CMO)

သြဂုတ် ၁၀၊၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်က စစ်ရှောင်စခန်း ၄ ခုထက်မနည်း ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

ရွှေဘိုခရိုင်အတွင်း ရေကြီးရေလျှံံမှုကြောင့် တန့်ဆည်မြို့နယ် အရှေ့ခြမ်းနဲ့ ရေဦး − တန့်ဆည်မြို့နယ်အစပ်က စစ်ရှောင်စခန်း ၄ခုဟာ ရေကြီးနစ်မြုပ်နေပြီး အခြေအနေဆိုးရွားနေကြောင်း ကူညီကယ်ဆယ်နေသူတွေက ပြောပါတယ်။

အဲဒီစခန်းတွေအတွက် ရိက္ခာ၊ ဆေးဝါး၊ စောင်နဲ့ ခြင်ထောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အခုကတော့ ရေဘေးသင့်ဒေသတွေမှာ ရေသန့် ရိက္ခာခြောက် ဝေဖို့ ပြင်နေပါတယ်။ပြီးတော့ တချို့နေရာတွေမှာ ထမင်းထုပ်ဝေတာတွေ ဆန်ဆီကူတာတွေ လုပ်နေပါတယ်။ ပြီးတော့ ရွေ့လျားဆေးခန်း ပတ်နေပါတယ်”လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု၊ အရေးပေါ်ကူညီတုံ့ပြန်ရေးအဖွဲ့က ကိုရှင်းသန့်က ပြောပါတယ်။

ရေဦးနဲ့ တန့်ဆည်အပြင် ဝက်လက်မြို့နယ်မှာလည်း စစ်ဘေးရှောင်တဲတွေ ရေကြီးနစ်မြုပ်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းအတွင်း ဆည်ရေနဲ့ မူးမြစ်ရေတွေကြောင့် ကျေးရွာအများအပြား ရေကြီးနစ်မြုပ်နေပြီး ပြည်သူ ၇ ဦးထက်မနည်း သေဆုံးကာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ယမန်​နေ့ကမိုးများပြီးရေကြီးနေချိန် ကလေးငယ် ၁ဦး ရေမြောင်းထဲ မျောပါပျောက်ဆုံးသွားကြောင်း ဒေသခံတွေက ပြော​ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

Facebook