သတင်း ဖားကန့်နှင့်လားရှိုးမြို့တွင် စစ်ကောင်စီတပ် အမြဲလုံခြုံရေးယူထားသည့် နေရာများအနီးပေါက်ကွဲမှုဖြစ်၊ ထိခိုက်သူအချို့ရှိ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်နှင့် မှော်ဝမ်းလေးကျေးရွာကြားရှိ တံတားအနီးတွင် ယနေ့(နိုဝင်ဘာ ၂ရက်)နေ့လယ် ၂နာရီခန့်က ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့သည်။ LuduNwayOoနိုဝင်ဘာ 2, 2022
သတင်း သြစတြေးလျနှင့် စင်ကာပူဘဏ်များ စစ်တပ်ပိုင် အင်းဝဘဏ်နှင့် အမြန်ဆုံးအဆက်သွယ်ဖြတ်၊ အရေးယူပိတ်ဆို့ရန် JFM တောင်းဆို နိုင်ငံတကာဘဏ်များဖြစ်သည့် ANZ၊ UOB နှင့် BIDV တို့အနေဖြင့် ၎င်းတို့၏ နိုင်ငံတကာလူ့အခွင့်အရေးတာဝန်များနှင့်အညီ အင်းဝဘဏ်နှင့် ဆက်ဆံရေးကို ချက်ချင်းအဆုံးသတ်ခြင်း၊ သို့မဟုတ် မြန်မာနိုင်ငံမှ ထွက်ခွာခြင်းကို မဖြစ်မနေ လုပ်ကြရမည်ဟု JFM က တိုက်တွန်းသည်။ LuduNwayOoနိုဝင်ဘာ 2, 2022
သတင်း စစ်ကောင်စီ၏ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေး သွေးမအေးကြောင်းပြသပေးရန် စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ စစ်ကောင်စီက ကျင်းပမည့် အတုအယောင် တန်ဆောင်တိုင်ပွဲများနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးအင်အားစုအဖွဲ့ (၁၃)ဖွဲ့ကိုယ်စား Myaung Union Army က ယနေ့ (နိုဝင်ဘာ၂ ရက်) တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ LuduNwayOoနိုဝင်ဘာ 2, 2022
သတင်း တနင်္သာရီမြို့နယ်အတွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ရမ်းသမ်းပစ်၍ ပြည်သူနှစ်ဦးထိခိုက် "အကြမ်းဖက်စစ်တပ်ဘက်မှ စခများ ထိခိုက် သေဆုံးမှုများပြားရှိ၊ သေပျောက်စာရင်းအား ဆက်လက်စီစစ်နေဆဲဖြစ်ပါတယ်။ မဟာမိတ်တပ်ပေါင်းစုမှရဲဘော်တစ်ဦး ထိခိုက်မှုရှိ(မစိုးရိမ်ရ)ပါ"ဟု အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 2, 2022
နိုင်ငံတကာ ရေပိုင်နက်နားမှာ မြောက်ကိုရီးယားဒုံးကျည် ကျရောက်မှု တောင်ကိုရီးယား ကန့်ကွက် မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို ဂျပန်အစိုးရကလည်း တုံ့ပြန် ရှုတ်ချခဲ့ပါတယ်။ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက မြောက်ကိုရီးယားရဲ့ အစဉ်တစိုက် ဒုံးကျည် ပစ်ခတ်မှုတွေဟာ မကြုံစဖူး ထူထပ်များပြားလာပြီး သည်းခံနေလို့ မရတော့ဘူးလို့ ပြောပါတယ်။ LuduNwayOoနိုဝင်ဘာ 2, 2022
နိုင်ငံတကာ ရွေးကောက်ပွဲ အရှုံးကို လုံးဝ ဝန်မခံသေးတဲ့ ဘရာဇီး သမ္မတ ဘော်လ်ဆိုနာရို သူ့ကို ထောက်ခံ မဲပေးကြတဲ့ ပြည်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းနဲ့ ဘရာဇီး နိုင်ငံသား တစ်ဦးဖြစ်တဲ့အတွက် ဘရာဇီး နိုင်ငံရဲ့ အခြေခံ ဥပဒေ သတ်မှတ်ချက်တွေကို လေးစား လိုက်နာမှာဖြစ်ကြောင်း ဘော်လ်ဆိုနာရိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ LuduNwayOoနိုဝင်ဘာ 2, 2022
သတင်း ပြင်ဦးလွင် တန်ဆောင်တိုင် စည်ကားအောင် စစ်အုပ်စုစီစဉ် ဒါ့ကြောင့် ပြင်ဦးလွင် တန်ဆောင်တိုင်းကွင်းမှာ ရောင်းချမယ့် ဆိုင်ခန်းဈေးနှုန်းဟာလည်း ယခင်သတ်မှတ်ဈေးထက် တိုးမြှင့်ထားတယ်လို့ သိရပါတယ်။ LuduNwayOoနိုဝင်ဘာ 2, 2022
သတင်း ထောင်ဝင်စာပို့ခွင့်ရဖို့ အင်းစိန်ထောင်ရှေ့မှာ တန်းစီစောင့်ဆိုင်းနေရ ပုံမှန်အားဖြင့် လဆန်းရက်ပိုင်းတွေမှာထောင်ဝင်စာပါဆယ်ပို့သူတွေများလေ့ရှိပြီး ထောင်ဝင်စာပြန်ဖွင့်ပေးချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတာမို့ဒီနေ့မှာ များပြားနေတာလို့ သိရပါတယ်။ LuduNwayOoနိုဝင်ဘာ 2, 2022
သတင်း ဒီပဲယင်းမြို့တွင် မိုင်းသယ်လာသည့် ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦး မိုင်းကွဲ၍ သေဆုံး ဒီပဲယင်းရဲစခန်းမှ စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နေရာအနှံ့၌ မိုင်းများထောင်ထားကြောင်း သတင်းရရှိထားသောကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သော ပြည်သူများ သတိထားသွားလာကြရန် ဒီပဲယင်းအခြေစိုက် Some News From Depayin အဖွဲ့က အသိပေးထားသည်။ LuduNwayOoနိုဝင်ဘာ 2, 2022
သတင်း မြောင်တွင် စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ် ၍ ခုနစ်တန်းကျောင်းသူ ဒဏ်ရာရ မြောင်မြို့နယ် သနပ်ကုန်းကျေးရွာတွင် ယနေ့(နိုဝင်ဘာ၂ရက်) နံနက် ၅နာရီခန့်က စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ခုနစ်တန်းကျောင်းသူတစ်ဦး သေနတ်ကျည်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 2, 2022