Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင် တန်ဆောင်တိုင် စည်ကားအောင် စစ်အုပ်စုစီစဉ်

ဒါ့ကြောင့် ပြင်ဦးလွင် တန်ဆောင်တိုင်းကွင်းမှာ ရောင်းချမယ့် ဆိုင်ခန်းဈေးနှုန်းဟာလည်း ယခင်သတ်မှတ်ဈေးထက် တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

ပြင်ဦးလွင် တန်ဆောင်တိုင် စည်ကားအောင် စစ်အုပ်စုစီစဉ်
ပြင်ဦးလွင် တန်ဆောင်တိုင် စည်ကားအောင် စစ်အုပ်စုစီစဉ်

တပ်မြို့ ပြင်ဦးလွင်မှာ တန်ဆောင်တိုင်ပွဲတော် ကျင်းပဖို့ အတွက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ငန်းရှင်တွေကို ခေါ်ယူကာ အလှူငွေကောက်ခံတာတွေလုပ်နေတယ်လို့သိရပါတယ်။

” တန်ဆောင်တိုင်ပွဲအတွက် အစည်းဝေးခေါ်တယ်ဗျ၊ မဖြစ်ဖြစ်အောင်တော့ တန်ဆောင်တိုင်ပွဲလုပ်မယ်၊ ပွဲတော်အတွက်ငွေလိုတယ်ဆိုပြီး အလှူငွေတော့ ကောက်တယ်”လို့ဟိုတယ်လုပ်ငန်းရှင်တစ်ဦးနဲ့ နီးစပ်သူက ပြောပြပါတယ်။

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၄ရက်ကနေ နိုဝင်ဘာလ ၈ ရက်အထိကျင်းပဖို့ စစ်အုပ်စုက စီစဉ်ထားပါတယ်။

Public Service Announcement
Public Service Announcement

ပွဲတော်ကို ယခင်ကျင်းပနေကြ ပြည်ချစ်ဘုရားရှေ့ ကွင်းပြင်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဟာ တောင်ကြီးတန်ဆောင်တိုင်ပွဲပြုလုပ်ဖို့ လုံခြုံရေးစိတ်မချရတာကြောင့် ပြင်ဦးလွင်တန်ဆောင်တိုင်ကို အစည်ကားဆုံးဖြစ်အောင်ပြုလုပ်ဖို့ကြံရွယ်နေတာလို့ စစ်အုပ်စုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒါ့ကြောင့် ပြင်ဦးလွင် တန်ဆောင်တိုင်းကွင်းမှာ ရောင်းချမယ့် ဆိုင်ခန်းဈေးနှုန်းဟာလည်း ယခင်သတ်မှတ်ဈေးထက် တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook