Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နှင့်လားရှိုးမြို့တွင် စစ်ကောင်စီတပ် အမြဲလုံခြုံရေးယူထားသည့် နေရာများအနီးပေါက်ကွဲမှုဖြစ်၊ ထိခိုက်သူအချို့ရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်နှင့် မှော်ဝမ်းလေးကျေးရွာကြားရှိ တံတားအနီးတွင် ယနေ့(နိုဝင်ဘာ ၂ရက်)နေ့လယ် ၂နာရီခန့်က ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့သည်။

Update News
Update News

▪️စစ်ကောင်စီတပ် လက်ချက်ဖြစ်နိုင်ဟု မြို့ခံများ သုံးသပ်

ဖားကန့်နှင့်လားရှိုးမြို့တွင် စစ်ကောင်စီတပ် အမြဲတစေလုံခြုံရေးယူထားသည့် နေရာများအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်သူအချို့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်နှင့် မှော်ဝမ်းလေးကျေးရွာကြားရှိ တံတားအနီးတွင် ယနေ့(နိုဝင်ဘာ ၂ရက်)နေ့လယ် ၂နာရီခန့်က ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့သည်။

ယင်းပေါက်ကွဲမှုတွင် ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့ပြီး ယင်းနေရာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့်နေရာဟု ဒေသခံများကပြောသည်။

“ပေါက်တော့ စခတွေမထိဘဲ ကလေးတွေကိုထိတာ။ကလေးတွေကို ဆေးကုနေဆဲပဲ။ပေါက်ကွဲတာက ထူးဆန်းနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊မြို့တော်ခန်းမအနီးတွင်လည်း ယနေ့ နေ့လယ် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အရပ်သားအမျိုးသားတစ်ဦးဒဏ်ရာရခဲ့သည်။ လားရှိုးမြို့၊မြို့တော်ခန်းမသည်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့်နေရာဟု ဒေသခံများက ပြောသည်။

“မိုင်းထိသွားတဲ့ အရပ်သားအခြေအနေကိုတော့ မသိရသေးဘူး။ ပေါက်ကွဲတာက စစ်ခွေးတွေလုံခြုံ ရေးစောင့်တဲ့နေရာ။ ကျနော်တို့ပြည်သူတွေ အသွားအလာ သတိထားကြရမယ်”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

ဖားကန့်နှင့်လားရှိုးမြို့ ပေါက်ကွဲမှုနှစ်ခုစလုံးသည် စစ်ကောင်စီလက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။

လားရှိုးမြို့တွင် စစ်ကောင်စီက အနုပညာသမားအချို့ကို အသုံးချကာ တန်ဆောင်တိုင်ပွဲတော်ကျင်းပရန် စီစဉ်နေသည်။ ယင်းပွဲတော်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ပြီး ပြည်သူ့တော်လှန်ရေးနှင့် PDFကို ပုံဖျက်ရန် ကြိုးစားလာနိုင်သည်ဟု တော်လှန်ရေးအင်အားစုများက သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

Facebook