Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်အတွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ရမ်းသမ်းပစ်၍ ပြည်သူနှစ်ဦးထိခိုက်

“အကြမ်းဖက်စစ်တပ်ဘက်မှ စခများ ထိခိုက် သေဆုံးမှုများပြားရှိ၊ သေပျောက်စာရင်းအား ဆက်လက်စီစစ်နေဆဲဖြစ်ပါတယ်။ မဟာမိတ်တပ်ပေါင်းစုမှရဲဘော်တစ်ဦး ထိခိုက်မှုရှိ(မစိုးရိမ်ရ)ပါ”ဟု အသိပေးသည်။

တနင်္သာရီမြို့နယ်အတွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ရမ်းသမ်းပစ်၍ ပြည်သူနှစ်ဦးထိခိုက်
တနင်္သာရီမြို့နယ်အတွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ရမ်းသမ်းပစ်၍ ပြည်သူနှစ်ဦးထိခိုက်

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီနှင့် PDF မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်း (၂)တို့ကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နဂါးစစ်သည်(တနင်္သာရီ)တပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာနှင့် ဘန်လောကျေးရွာများသို့ အောက်တိုဘာ ၂၉ ရက်မှ ၃၁ရက်အထိ စစ်ကြောင်းထိုးခဲ့ရာ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများသော်လည်း စာရင်းအတိအကျမသိရသေးဟု ဆိုသည်။

တနင်္သာရီမြို့နယ်အတွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ရမ်းသမ်းပစ်၍ ပြည်သူနှစ်ဦးထိခိုက်
တနင်္သာရီမြို့နယ်အတွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ရမ်းသမ်းပစ်၍ ပြည်သူနှစ်ဦးထိခိုက်

ထိတွေ့တိုက်ပွဲဖြစ်ပွားများအတွင်း အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာမှ ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရကြောင်း ဖော်ပြထားပြီး အသေးစိပ် အခြေအနေအား နဂါးစစ်သည်တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။

Public Service Announcement
Public Service Announcement

“အကြမ်းဖက်စစ်တပ်ဘက်မှ စခများ ထိခိုက် သေဆုံးမှုများပြားရှိ၊ သေပျောက်စာရင်းအား ဆက်လက်စီစစ်နေဆဲဖြစ်ပါတယ်။ မဟာမိတ်တပ်ပေါင်းစုမှရဲဘော်တစ်ဦး ထိခိုက်မှုရှိ(မစိုးရိမ်ရ)ပါ”ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

တနင်္သာရီမြို့နယ်အတွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ရမ်းသမ်းပစ်၍ ပြည်သူနှစ်ဦးထိခိုက်
တနင်္သာရီမြို့နယ်အတွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ရမ်းသမ်းပစ်၍ ပြည်သူနှစ်ဦးထိခိုက်

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန်နေ့(နို ဝင်ဘာ ၁)ကလည်း ညောင်ပင်ကွင်းနှင့် ဘန်လောကျေးရွာများသို့ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှုများရှိခဲ့ပြီး ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။