Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့တွင် မိုင်းသယ်လာသည့် ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦး မိုင်းကွဲ၍ သေဆုံး

ဒီပဲယင်းရဲစခန်းမှ စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နေရာအနှံ့၌ မိုင်းများ​ထောင်ထားကြောင်း သတင်းရ​ရှိထားသော​ကြောင့်​​ လယ်ယာလုပ်ငန်း လုပ်ကိုင်​သော ပြည်သူများ သတိထားသွားလာကြရန် ဒီပဲယင်းအခြေစိုက် Some News From Depayin အဖွဲ့က အသိပေးထားသည်။

ဒီပဲယင်းမြို့တွင် မိုင်းသယ်လာသည့် ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦး မိုင်းကွဲ၍ သေဆုံး
ဒီပဲယင်းမြို့တွင် မိုင်းသယ်လာသည့် ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦး မိုင်းကွဲ၍ သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ် အတွက် မိုင်းသယ်လာပေးသည့် ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦး မိုင်းကွဲ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁ရက်) နံနက် ၅နာရီခွဲခန့်က ဒီပဲယင်းမြို့၊ ဝါစိုက်ပျိုးရေးရုံးနှင့် ကန်​တော်ရိုးအနီး၌​​ အမျိုးသားတစ်ဦး မိုင်းတစ်လုံးကို ပွေ့ချီလာပြီးနောက် ၎င်း​၏ လက်ပေါ်မှာပင် မိုင်းကွဲကာ ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်၍ သေဆုံးသွားကြောင်းဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

သေဆုံးသူမှာ ဒီပဲယင်းရဲစခန်းမှ ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦးဟု ဒေသခံတို့က ဆိုသည်။

“ သူတို့ထောင်ထားတဲ့မိုင်းနဲ့ သူတို့လူပြန်ထိတဲ့သဘောပါဗျ။ နေရာအပြောင်းလဲလုပ်မဲ့ပုံစံလို့ သတင်းပေးသူထံမှရရှိပါတယ်” ဟု ဒီပဲယင်းအခြေစိုက် Some News From Depayin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းရဲစခန်းမှ စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နေရာအနှံ့၌ မိုင်းများ​ထောင်ထားကြောင်း သတင်းရ​ရှိထားသော​ကြောင့်​​ လယ်ယာလုပ်ငန်း လုပ်ကိုင်​သော ပြည်သူများ သတိထားသွားလာကြရန် ဒီပဲယင်းအခြေစိုက် Some News From Depayin အဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ရာ ကလေးငယ် တစ်ဦးသေဆုံးပြီး ကလေး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU က ဇန်နဝါရီ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ် တိုက်ပွဲတွေမှာ စစ်မှုထမ်း တွေ သေဆုံးထိခိုက်မှုများ​နေပြီး လမ်းဘေးမှာသဂြိုလ်နေရပြီး စစ်တပ်က မိသားစုထံအကြောင်းမကြားဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ် သားက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လူမှုကူညီရေးလုပ်ဆောင်တဲ့အမျိုးသားတဦးအပါအဝင် ဒေသခံနှစ်ဦး မိုင်နင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်မှာ ဝိုင်ဖိုင်ကြိုးတပ်ဆင်‌တဲ့ ဆယ်ကျော်သက်အရွယ်လူငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

Facebook