မေးမြန်းခန်း “တရုတ်ကိုတော့မျှော်ကိုးလို့မရဘူး။ ရှင်းရှင်းလင်းလင်း ကျွန်တော်တို့စဉ်းစားရမှာက လက်ရှိကွန်မြူနစ်ပါတီတရုတ်နိုင်ငံမှာရှိနေသရွေ့ကာလပတ်လုံး မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ဘယ်နည်းနဲ့မှထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး” မထောက်ပံ့ပေးဘူးဆိုတာကို မြန်မာတော်လှန်ရေးခေါင်းဆောင်တွေ၊ တိုင်းပြည်ကို ချစ်တဲ့တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ နားလည်ရမှာဖြစ်တယ်။ အဲဒီလို နားလည်ထားတယ်ဆိုရင်အလုပ်ကဘာလုပ်ရမလဲဆိုတာရှင်းရှင်းလေးရယ်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ပင်းတယမြို့မရဲစခန်းဟောင်း တိုက်ခိုက်ခံရ "ဒီညနေ ၄နာရီ ခွဲလောက်က ပစ်သွားတာ။ ထိခိုက်မှုရှိ၊မရှိတော့ မသိရသေးဘူး။ စခန်းကတော့ မြို့နယ်မှူးရော ရဲတွေပါနေတဲ့ လိုင်းခန်းပဲ"ဟု ပင်းတယမြို့ခံတစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ကျောက်ကြီးမြို့နယ်တွင်စစ်ကောင်စီတပ်နှင့်KNLAပူးပေါင်းတပ်များ တိုက်ပွဲဖြစ်၊ တပ်ရင်းမှူးအပါအဝင် စစ်သား ၁၀ဦးသေ ဇူလိုင် ၅ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်မှ ကျောက်ကြီးမြို့ပေါ်တွင် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် သိမ်တန်းရပ်ကွက်၊ ဗောဓိကုန်းရှိ ပြည်သူပိုင်နေအိမ်လေးလုံး လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့သည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း လောင်းလုံးတွင် ပျူစောထီးအဖွဲ့နေအိမ်ကိုဝင်စီးရာအပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ပျူတစ်ဦးသေ “လောင်းလုံးဘက်မှ ပျူစောထီးတွေက သောင်းကျန်းနေတာ၊ အဲ့တာကို PDFတွေ ဝင်ပစ်တာ အခုရွာထဲမှာ စခ(စစ်ကောင်စီတပ်)တွေသောင်းကျန်းနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ကျောက်ကြီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးရှောင်တွေအတွက်အကူညီလိုအပ်နေ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ အခက်အခဲများစွာနဲ့ကြုံတွေ့နေရပြီး ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အဓိကလိုအပ်နေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ပြည်သူအပေါ် လက်နက်ကိုင်ရမ်းကားနေသည့် SNA လုပ်ရပ်အပေါ် ဟုမ္မလင်း(ပအဖ) ကန့်ကွက်ရှုတ်ချ ဟုမ္မလင်း(ပအဖ)အနေဖြင့် SNAအား ဒေသခံများအကျိုး ဆောင်ရွက်မည့်အဖွဲ့ဟုရှုမြင်ပြီး မိတ်ဖက်အဖြစ် အရေးပေးတက်ဆံသည့်အပြင် NUG အစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၏ "တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးတွဲ ညှိနှိုင်းဆောင်ရွက်ရမည်"ဟူသော လမ်းညွှန်ချက်များနှင့်အညီ ဆက်ဆံခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ဖလမ်း – ဟားခါးလမ်း၌ ယနေ့ တိုက်ပွဲဆက်လက်ပြင်းထန် The Chin Journal က ဖော်ပြသည့် တိုက်ပွဲသတင်း ရုပ်သံမှတ်တမ်း၌ စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု တွေ့ရသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၏ဆေးအဖွဲ့က ဒေသတွင်းစိုးမိုးနယ်မြေ လေးခုသို့ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေး PEOPLE'S DEFENCE FORCE-HTILIN (YRPA)၏ စိုးမိုးနယ်မြေ (၂)၊(၃)၊(၄)၊(၅)သို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်၀မ်းလျှောရောဂါများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ရေးနည်းလမ်းများကို ဟောပြောပညာပေးခဲ့ကြောင်း ယနေ့(ဇူလိုင် ၁၁ရက်)ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ပုလဲမြို့ရှိ စစ်ကောင်စီ စုပေါင်းရုံးအား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် "စစ်ကောင်စီရှာနေတဲ့ တပ်ပေါင်းစုဆိုတာ ကျေးရွာတွေမှာ ရှိတာမဟုတ်ဘူး။ မြို့ပေါ်မှာ ခင်ဗျားတို့ အနီးနားမှာရှိတယ်ဆိုတာ သိစေလိုပါတယ်။"ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ကလေးမြို့နယ်တောင်ပိုင်းတွင်တိုက်ပွဲပြင်းထန်နေ ဟားခါးလေးကျေးရွာနှင့် တစ်ဆက်တည်းဖြစ်သောရေစိုရွာမှ ပြည်သူ ၁၀ ဦးခန့်ကို ဓားစားခံအနေဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ယနေ့(ဇူလိုင်၁၁ရက်) နေ့လည် ၁၂ နာရီခန့်အခြေအနေကို စစ်ဘေးရှောင်တစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 11, 2022