Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့နယ်​တောင်ပိုင်းတွင်တိုက်ပွဲပြင်းထန်​နေ

ဟားခါးလေးကျေးရွာနှင့် တစ်ဆက်တည်းဖြစ်သောရေစိုရွာမှ ပြည်သူ ၁၀ ဦးခန့်ကို ဓားစားခံအနေဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ယနေ့(ဇူလိုင်၁၁ရက်) နေ့လည် ၁၂ နာရီခန့်အခြေအနေကို စစ်ဘေးရှောင်တစ်ဦးကပြောသည်။

(က​လေးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-က​လေး(PDF))
(က​လေးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-က​လေး(PDF))

ချင်းတောင်ခြေအတိုင်း စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီတပ်အားကလေးမြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များယနေ့တိုက်ခိုက်​နေရာ၊တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်းဒေသခံများကပြောသည်။

ယောဒေသနှင့် ကလေးနယ်ထိစပ်နေသည့် ချင်းတောင်​ခြေဝန်းကျင်တစ်ဝိုက်ဖြစ်သည့် ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။ထို့ကြောင့်ဒေသခံပြည်သူများကလေးမြို့တောင်ပိုင်းသို့ မလာကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးသည်။

“ရှိပြီးသားလမ်းကနေ မလာရဲလို့ ချင်းတောင်ခြေတောလမ်းကနေ လာတဲ့ စစ်ကြောင်း။ ဟားခါးလေးရွာကိုလည်းဝင်မွှေနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဟားခါးလေးကျေးရွာနှင့် တစ်ဆက်တည်းဖြစ်သောရေစိုရွာမှ ပြည်သူ ၁၀ ဦးခန့်ကို ဓားစားခံအနေဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ယနေ့(ဇူလိုင်၁၁ရက်) နေ့လည် ၁၂ နာရီခန့်အခြေအနေကို စစ်ဘေးရှောင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အရေးကြီးအကြောင်းအရာမရှိဘဲ နေအိမ်ပြင်ပသို့ မထွက်ကြရန် ကလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

အခြားသတင်းတစ်ရပ်တွင် ကလေးမြို့တွင် စစ်ကောင်စီကိုထောက်ခံပြီးစစ်​ကောင်စီသတင်း​​ပေးလည်းဖြစ်၊ PDF များကို ဂရုမစိုက်ဟု လူမှုကွန်ရက်မှတဆင့် ဆဲဆို စိန်ခေါ်ခဲ့သည့် မှုခင်းသတင်းထောက်စိန်လင်းနှင့် ဇနီး​ဖြစ်သူတို့ ယနေ့ အသတ်ခံလိုက်ရသည်။

စိန်လင်းနှင့် ဇနီးသည် ယနေ့(ဇူလိုင် ၁၁ရက်) နေ့လယ် ၁၂ နာရီခန့်က ကလေးမြို့ ရနံ့သစ်လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဥ် သေနတ်ဖြင့် ပစ်သတ်ခံရ​ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို မသိရသေးဟု ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းဆုံးရှုံးပြီးနောက် စစ်တပ်က ဗုံးကြဲနေပြီး မိုးမိတ်-မိုးကုတ်လမ်းပိုင်း ပိတ်

သတင်း

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

Facebook