Connect with us

Hi, what are you looking for?

သတင်း

ပြည်သူအပေါ် လက်နက်ကိုင်ရမ်းကားနေသည့် SNA လုပ်ရပ်အပေါ် ဟုမ္မလင်း(ပအဖ) ကန့်ကွက်ရှုတ်ချ

ဟုမ္မလင်း(ပအဖ)အနေဖြင့် SNAအား ဒေသခံများအကျိုး ဆောင်ရွက်မည့်အဖွဲ့ဟုရှုမြင်ပြီး မိတ်ဖက်အဖြစ် အရေးပေးတက်ဆံသည့်အပြင် NUG အစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၏ “တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးတွဲ ညှိနှိုင်းဆောင်ရွက်ရမည်”ဟူသော လမ်းညွှန်ချက်များနှင့်အညီ ဆက်ဆံခဲ့ကြောင်း ဖော်ပြသည်။

(SNA တပ်ဖွဲ့ဝင်အချို့အား ဇူလိုင် ၅ရက်က အခမ်း အနားတစ်ခုတွင် တွေ့ရစဥ်)
(SNA တပ်ဖွဲ့ဝင်အချို့အား ဇူလိုင် ၅ရက်က အခမ်း အနားတစ်ခုတွင် တွေ့ရစဥ်)

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှ စစ်ကောင်စီနှင့်ပူးပေါင်းပြီး PDF ရဲ​ဘော်များအား ဖမ်းဆီးခြင်းနှင့် ဒေသခံပြည်သူများအပေါ် လက်နက်ကိုင်ဗိုလ်ကျ ရမ်းကားနေသည့်လုပ်ရပ်များအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဇူလိုင် ၁၁) ထုတ်ပြန်သည်။

ဇူလိုင် ၈ရက်တွင် ဟုမ္မလင်းမြို့နယ် နောင်ခမ်းကျေးရွာအနီး HPDF 124 တပ်သားများဖြစ်သော ကိုပီလုံးနှင့် ကိုပါကြီးတို့အား SNAတပ်သားများနှင့် စစ်ကောင်စီလက်အောက်ခံ စရဖအဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးခဲ့သည်ဟု ဖော်ပြသည်။

ထို့အပြင် ဧပြီအတွင်းကလည်း HPDF ၏ ထောက်/ပို့ တပ်သား ကိုမင်းအောင်အား စစ်ကောင်စီတပ်သားများနှင့် SNA တပ်သားများမှ ပူးပေါင်း၍ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ တော်စီကျေးရွာနေပြည်သူ ကိုမောင်ကြိုင်အား SNA တပ်သားများမှ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်​ခြင်းမရှိဘဲ သတ်ဖြတ်ခြင်းများရှိခဲ့သည်ဟု ထောက်ပြသည်။

အလားတူ SNA ၏ ကားသွားလာရာ၌ ပြည်သူများမှ အမြဲရှောင်ကွင်းသွားရပြီး လမ်းကျဥ်း၊ လမ်းကျပ်နှင့် ကြုံသည့်အခါ ကားပေါ်မှ ဆင်း၍ အပြစ်မဲ့ပြည်သူများအား ပါးရိုက်ခြင်း၊ သေနတ်နှင့်ချိန်၍ လမ်းရှင်းခြင်း၊ ရှမ်းနီဒေသခံတိုင်းရင်းသားများ အများစုနေထိုင်သော ကျေး ရွာအချို့အား မီးရှို့မည်ဟု ကြိမ်းဝါးခြင်း၊ စာသင် ကျောင်းများတွင် တပ်စွဲ၍ အနီးပတ်ဝန်းကျင်များအား သေနတ်ချိန်၍ ခြိမ်းခြောက်ခြင်း၊ ကျောင်းအတွင်း၌ ပြည်သူလူထု ထိခိုက်စေမည့် တိုက်ခိုက်ရေးပစ္စည်းများထောင်၍ ဗုံးခွဲခြိမ်းခြောက်ခြင်းတို့ကို ကျူးလွန်နေကြောင်း ပြည်သူ့တိုင်ကြားချက်များအရ သိရသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ထိုဖြစ်ရပ်များ ဖြစ်ပေါ်နေသော်လည်း SNA အကြီး အကဲများမှ မသိကျိုးကျွန်ပြု၍ ဖုံးဖိထားပြီး ပြစ်မှုကျူးလွန်သူများအား အရေးမယူဘဲ လုပ်ပိုင်ခွင့်အပြည့်အဝ ပေးနေသည်ကို ကျွန်ုပ်တို့ ပအဖအဖွဲ့မှ စိတ်မကောင်းဖွယ်မြင်တွေ့ကြားသိနေရပါသည်”ဟု ဆိုသည်။

ဟုမ္မလင်း(ပအဖ)အနေဖြင့် SNAအား ဒေသခံများအကျိုး ဆောင်ရွက်မည့်အဖွဲ့ဟုရှုမြင်ပြီး မိတ်ဖက်အဖြစ် အရေးပေးတက်ဆံသည့်အပြင် NUG အစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၏ “တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးတွဲ ညှိနှိုင်းဆောင်ရွက်ရမည်”ဟူသော လမ်းညွှန်ချက်များနှင့်အညီ ဆက်ဆံခဲ့ကြောင်း ဖော်ပြသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ SNA ကို မဟာ မိတ်ပီပီ ညှိနှိုင်းတာတို့ အလျှော့ပေးတာတို့ ရှိခဲ့တယ်ဗျ။ ခုထုတ်ပြန်ချက်ကလည်း ဒေသတွင်းမှာရှိတဲ့ PDFတွေကို ဖိနှိပ်တာတွေတင်မကဘဲ ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသား ပြည်သူတွေကိုပါ ဖိနှိပ်လာတယ်။ လက်နက်ပြ ရမ်းကားလာတာကြောင့်၊ သူတို့အကြီးပိုင်းတွေကလည်း တစ်ခုခုဆိုရင် မီဒီယာတွေမှာ မသိဘူး၊ မလုပ်ဘူးလို့ ထုတ်ဖော် ပြောကြားတာတွေကြောင့် သူတို့ သိသင့်သိထိုက်တာတွေ သိအောင်၊ ပြင်သင့်တာတွေ ပြင်နိုင်အောင် ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်ဗျ”ဟု ဟုမ္မလင်း(ပအဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့အနေဖြင့် SNA အကြီးအကဲများမှ ရှမ်းနီပြည်သူများ၏ ဆန္ဒကိုအမှန်တကယ်လေးစားသည်ဆိုပါက ယခုလုပ်ရပ်များကို ပြည်သူ့ဆန္ဒနှင့်အညီ ပြင်ဆင်လိမ့်မည်ဟု ယူဆပြီး ရှမ်းနီအရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့်လည်း SNA ၏လုပ်ရပ်များ ပြင်ဆင်လာခြင်းရှိ၊မရှိ ဆက်လက်စောင့်ကြည့်ရန် တိုက် တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။