Connect with us

Hi, what are you looking for?

သတင်း

ဖလမ်း – ဟားခါးလမ်း၌ ယနေ့ တိုက်ပွဲဆက်လက်ပြင်းထန်

The Chin Journal က ဖော်ပြသည့် တိုက်ပွဲသတင်း ရုပ်သံမှတ်တမ်း၌ စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု တွေ့ရသည်။

(ဇူလိုင် ၉ ရက်က ဖလမ်း-ဟားခါးအကြား ဖလမ်းမြို့နယ်အတွင်းရှိ တာလ်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - The Chin Journal)
(ဇူလိုင် ၉ ရက်က ဖလမ်း-ဟားခါးအကြား ဖလမ်းမြို့နယ်အတွင်းရှိ တာလ်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - The Chin Journal)

▪️၄ရက်အတွင်းတိုက်ပွဲ ခြောက်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၂၄ဦးကျော်သေ

ချင်းပြည်နယ် ဖလမ်း – ဟားခါးလမ်းပိုင်း၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလမ်းပိုင်း၌ ဇူလိုင် ၈ရက်မှစ၍ ချင်းလက်နက် ကိုင်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

“ဖလမ်း – ဟားခါးအကြား တိုက်ပွဲကဒီနေ့နဲ့ဆိုအနည်းဆုံး ၆ကြိမ်ဖြစ်ပွားတယ်။ဒီနေ့လည်း ရမ်ထလိုကျေးရွာအနီး ၂နေရာမှာပစ်ကြတယ်။ ပိုမိုပြင်းထန်လာတယ်”ဟု ချင်းဒေသခံက ပြော သည်။

ဇူလိုင် ၈ရက်တွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ရာ ပထမတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၃ဦးသေဆုံးပြီးဒုတိယတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ နှစ်ဦး၊ တတိယအကြိမ်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့နောက် ယမန်နေ့ (ဇူလိုင် ၁၀ရက်)တွင် တလန်ဇာန်ရွာအနီးတိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ချင်းတပ်ဖွဲ့မှ ၂ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံက ပြောသည်။ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားမှုတွင်လည်း စစ်ကောင်စီတပ်က အထိနာနေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ဖလမ်းမှ ဟားခါးသို့ အင်အား ၂၀၀ကျော်ဖြင့်တပ်လာသည့် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အပါအဝင်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး တိုက်ခိုက်လျက်ရှိသည်။

The Chin Journal က ဖော်ပြသည့် တိုက်ပွဲသတင်း ရုပ်သံမှတ်တမ်း၌ စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု တွေ့ရသည်။

အထိနာနေသည့် စစ်ကောင်စီတပ်သည် ဟာခါး – ဖလမ်း ကြားရှိ ကျေးရွာများမှ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်နေသည့် CNDF၏ မိခင်အဖွဲ့အစည်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ယနေ့နံနက်အစောပိုင်း၌ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။