Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်တွင်စစ်ကောင်စီတပ်နှင့်KNLAပူးပေါင်းတပ်များ တိုက်ပွဲဖြစ်၊ တပ်ရင်းမှူးအပါအဝင် စစ်သား ၁၀ဦးသေ

ဇူလိုင် ၅ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်မှ ကျောက်ကြီးမြို့ပေါ်တွင် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် သိမ်တန်းရပ်ကွက်၊ ဗောဓိကုန်းရှိ ပြည်သူပိုင်နေအိမ်လေးလုံး လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့သည်။

(PDF တပ်ရင်း ၃၇၀၂ မှရဲဘော်များ)
(PDF တပ်ရင်း ၃၇၀၂ မှရဲဘော်များ)

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၀ ဦးသေဆုံးကြောင်း ပူးပေါင်းဆင်စစ်ရေးတွင်ပါဝင်သည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ရိုးမ)၊ ပဲခူးတိုင်းတပ်ရင်း ၃၇၀၂ မှ ယနေ့(ဇူလိုင် ၁၁ ရက်)ထုတ်ပြန်သည်။

ယနေ့နံနက် ၃ နာရီခန့်တွင် ကျောက်ကြီးနယ်၊ အင်းနက်ရွားသို့ အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်လာပြီးနံနက် ၈ နာရီခန့်တွင် KNLA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး ၁၀ ဦးခန့်မှာ ဒဏ်ရာပြင်းထန်သဖြင့်ကျောက်ကြီးဆေးရုံသို့ပို့ကြောင်း
ထုတ်ပြန်ချက်က ဆိုသည်။

“(တိုက်ပွဲက)အခုထိတော့ငြိမ်နေတယ်။ခွေးတွေ(အကျအဆုံးများလို့) စိတ်တအားဆိုးနေတယ်”ဟု PDF တပ်ရင်း ၃၇၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးစစ် သားများ ၁၀ ဦးကို အင်းနက်ရွာတွင် ထားခဲ့ပြီး ယနေ့နေ့လယ်ပိုင်းလောက်အထိ နတ်သံကွင်းနှင့် ကျောက်ကြီးကြားမှနေ၍ အင်းနက်ရွာဘက် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ပစ်ခတ်မှုမရှိတော့ဘဲ ငြိမ်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာအခြေအနေစောင့်ကြည့်လျှက်အသင့်ပြင်ထားကြောင်း သိရသည်။

ဇူလိုင် ၅ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်မှ ကျောက်ကြီးမြို့ပေါ်တွင် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် သိမ်တန်းရပ်ကွက်၊ ဗောဓိကုန်းရှိ ပြည်သူပိုင်နေအိမ်လေးလုံး လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။