ဆောင်းပါး
ကူးစက်ရောဂါတွေဖြစ်တဲ့ ကိုဗစ်ရောဂါနဲ့ ရာသီတုပ်ကွေးရောဂါတွေဟာ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ ဒီရောဂါနှစ်မျိုးစလုံးဟာ အသက်ရှူလမ်းကြောင်းက ကူးစက်ကြပုံချင်း တူညီသလို ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် ကူးစက်မှုမြန်တာချင်းလည်း တူတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။