Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်​ကောင်စီတပ်က အရာ​တော်မြို့နယ်ရှိဒုံဒစ်​ကျေးရွာမှ အိမ်တစ်လုံးကို ဗုံးခွဲမီးရှို့ဖျက်ဆီး

“ဒီနေ့နေ့လည် ၂ နာရီခွဲလောက်က ရွာခံ တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ အိမ်ကို မီးရှို့ခဲ့တာ”ဟု အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ၊အရာတော်မြို့နယ်အရှေ့နယ် ဒုံဒစ်(ထုံးသစ်) ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်အကြမ်းဖက်ပြီး နေအိမ်တစ်လုံးအား ဗုံးခွဲမီးရှို့ဖျက်ဆီးခဲ့သည်။

အောက်တိုဘာ ၁၀ ရက် တွင် အကြမ်းဖက် စစ်တပ် စတင်ဝင်ရောက်လာသောကြောင့် ဒုံးဒစ်​ကျေးရွာခံပြည်သူရာ နှင့်ချီ ရှောင်တိမ်းနေရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“ဒီနေ့နေ့လည် ၂ နာရီခွဲလောက်က ရွာခံ တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ အိမ်ကို မီးရှို့ခဲ့တာ”ဟု အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျေးရွာအတွင်း ပျက်စီးမှုအ​သေးစိတ်အခြေအနေကို မသိရှိရသေးဘဲစစ်ကောင်စီ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေရဆဲဖြစ်​ကြောင်း ၎င်းတို့က​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စကစတပ်၏ ဖျက်ဆီးမှုကြောင့် ဆုံးရှုံးမှုများအခြေအနေအသေးစိတ်ကို ဆက်လက်တင်ပြမည်ဟုအရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးကဆိုသည်။

ထိုအပြင်ဒုံဒစ်ကျေးရွာရှိ ပြည်သူတစ်ဦး၏နေအိမ်ကို အကြမ်းဖက်စစ်တပ်က ဗုံးခွဲမီးရှို့သွားပြီး​နောက် မီး​လောင်ကျွမ်း​နေ​သောဗီဒီယိုဖိုင်ကိုအရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးကယ​နေ့ ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်