Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

စစ်​ကောင်စီတပ်က အရာ​တော်မြို့နယ်ရှိဒုံဒစ်​ကျေးရွာမှ အိမ်တစ်လုံးကို ဗုံးခွဲမီးရှို့ဖျက်ဆီး

“ဒီနေ့နေ့လည် ၂ နာရီခွဲလောက်က ရွာခံ တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ အိမ်ကို မီးရှို့ခဲ့တာ”ဟု အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ၊အရာတော်မြို့နယ်အရှေ့နယ် ဒုံဒစ်(ထုံးသစ်) ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်အကြမ်းဖက်ပြီး နေအိမ်တစ်လုံးအား ဗုံးခွဲမီးရှို့ဖျက်ဆီးခဲ့သည်။

အောက်တိုဘာ ၁၀ ရက် တွင် အကြမ်းဖက် စစ်တပ် စတင်ဝင်ရောက်လာသောကြောင့် ဒုံးဒစ်​ကျေးရွာခံပြည်သူရာ နှင့်ချီ ရှောင်တိမ်းနေရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“ဒီနေ့နေ့လည် ၂ နာရီခွဲလောက်က ရွာခံ တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ အိမ်ကို မီးရှို့ခဲ့တာ”ဟု အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျေးရွာအတွင်း ပျက်စီးမှုအ​သေးစိတ်အခြေအနေကို မသိရှိရသေးဘဲစစ်ကောင်စီ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေရဆဲဖြစ်​ကြောင်း ၎င်းတို့က​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စကစတပ်၏ ဖျက်ဆီးမှုကြောင့် ဆုံးရှုံးမှုများအခြေအနေအသေးစိတ်ကို ဆက်လက်တင်ပြမည်ဟုအရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးကဆိုသည်။

ထိုအပြင်ဒုံဒစ်ကျေးရွာရှိ ပြည်သူတစ်ဦး၏နေအိမ်ကို အကြမ်းဖက်စစ်တပ်က ဗုံးခွဲမီးရှို့သွားပြီး​နောက် မီး​လောင်ကျွမ်း​နေ​သောဗီဒီယိုဖိုင်ကိုအရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးကယ​နေ့ ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။