Connect with us

Hi, what are you looking for?

ဗီဒီယို

နျူကလီးယား ရေငုပ်သင်္ဘော လျှို့ဝှက်ချက်တွေ ရောင်းစားခဲ့တဲ့ အမေရိကန် စုံတွဲ အဖမ်းခံရ

အမေရိကန် ရေတပ်ရဲ့ နျူကလီးယား အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ဂျိုနသန် တိုယက်ဘီနဲ့ ဇနီးဖြစ်သူ ဒိုင်ယာနာ တိုယက်ဘီတို့ဟာ အနောက်ဗာဂျီးနီးယားမှာ အောက်တိုဘာ ၉ ရက်က အဖမ်းခံခဲ့ရတာလို့ တရားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

နျူကလီးယား ရေငုပ်သင်္ဘောဆိုင်ရာ လျှို့ဝှက်ချက်တွေကို ရောင်းစားဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် စုံတွဲတစ်တွဲကို FBI ထောက်လှမ်းရေးဌာနက ဖမ်းဆီးထားလိုက်ပါတယ်။

အမေရိကန် ရေတပ်ရဲ့ နျူကလီးယား အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ဂျိုနသန် တိုယက်ဘီနဲ့ ဇနီးဖြစ်သူ ဒိုင်ယာနာ တိုယက်ဘီတို့ဟာ အနောက်ဗာဂျီးနီးယားမှာ အောက်တိုဘာ ၉ ရက်က အဖမ်းခံခဲ့ရတာလို့ တရားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

သူတို့ဟာ ရေတပ်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘောဆိုင်ရာ နည်းပညာ လျှို့ဝှက်ချက်တွေကို ခိုးယူပြီး တခြားနိုင်ငံ တစ်ခုက သူလျှို တစ်ဦးဆီ ရောင်းချဖို့ ကြိုးစားခဲ့ကြောင်း တရားရေး ဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။ တကယ်တမ်းကျတော့ သူတို့ ဆက်သွယ် ရောင်းချမယ့် သူလျှိုဆိုသူက FBIရဲ့ အေးဂျင့်တစ်ယောက် ဖြစ်နေပါတယ်။ ဂျိုနသန်နဲ့ ဒိုင်ယာနာတို့ဟာ အဲဒီ အချက်အလက်တွေကို မြေပဲယို ပုလင်းတစ်လုံးထဲမှာ ဝှက်ပြီး သယ်ဆောင်လာခဲ့ပါတယ်။

အသက် ၄၂ နှစ်နဲ့ ၄၅ နှစ်အရွယ်တွေ အသီးသီး ရှိကြတဲ့ စုံတွဲဟာ အခုအခါမှာတော့ အမေရိကန်ရဲ့ အက်တမ်စွမ်းအင်ဆိုင်ရာ အက်ဥပဒေအရ တရားစွဲဆို ခံထားရပါတယ်။ ဂျိုနသန်ဟာ အမေရိကန် ရေတပ်ရဲ့ နျူကလီးယား စွမ်းအင်သုံး ခုတ်မောင်းမှု ပရောဂျက်တွေမှာ အလုပ်လုပ်နေသူပါ။ သူဟာ ၂၀၂၀ ပြည့်နှစ်လောက်မှာ အယောင်ဆောင် FBI အေးဂျင့်ကို စကားဝှက် အီးမေးလ်တွေ ပေးပို့ပြီး အဆက်အသွယ် လုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျိုနသန်နဲ့ ဒိုင်ယာနာတို့ဟာ ၇ လလောက် အကြာမှာတော့ လျှို့ဝှက် အချက်အလက်တွေကို ဒေါ်လာ တစ်သိန်းနဲ့ ရောင်းချပြီး ခရစ္စတို ငွေကြေး စနစ်နဲ့ ငွေချေဖို့ ကမ်းလှမ်းလာပြီး အယောင်ဆောင် အေးဂျင့်က သဘောတူခဲ့ပါတယ်။ အဲဒီကနေတဆင့် အခုနှစ်လယ်မှာ အေးဂျင့်ဆီကို နျူကလီးယား ရေငုပ်သင်္ဘောဆိုင်ရာ လျှို့ဝှက်ချက်တွေကို SDကတ်ထဲ ထည့်ပြီး ရောင်းစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ နှစ်ဦးစလုံးကို ရဲတွေက ဖမ်းဆီးလိုက်ပြီး FBIက တရားစွဲဆိုခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အမှုကို အောက်တိုဘာ ၁၂ ရက်မှာ ကနဦး ကြားနာသွားမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။