Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

နျူကလီးယား ရေငုပ်သင်္ဘော လျှို့ဝှက်ချက်တွေ ရောင်းစားခဲ့တဲ့ အမေရိကန် စုံတွဲ အဖမ်းခံရ

အမေရိကန် ရေတပ်ရဲ့ နျူကလီးယား အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ဂျိုနသန် တိုယက်ဘီနဲ့ ဇနီးဖြစ်သူ ဒိုင်ယာနာ တိုယက်ဘီတို့ဟာ အနောက်ဗာဂျီးနီးယားမှာ အောက်တိုဘာ ၉ ရက်က အဖမ်းခံခဲ့ရတာလို့ တရားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

နျူကလီးယား ရေငုပ်သင်္ဘောဆိုင်ရာ လျှို့ဝှက်ချက်တွေကို ရောင်းစားဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် စုံတွဲတစ်တွဲကို FBI ထောက်လှမ်းရေးဌာနက ဖမ်းဆီးထားလိုက်ပါတယ်။

အမေရိကန် ရေတပ်ရဲ့ နျူကလီးယား အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ဂျိုနသန် တိုယက်ဘီနဲ့ ဇနီးဖြစ်သူ ဒိုင်ယာနာ တိုယက်ဘီတို့ဟာ အနောက်ဗာဂျီးနီးယားမှာ အောက်တိုဘာ ၉ ရက်က အဖမ်းခံခဲ့ရတာလို့ တရားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

သူတို့ဟာ ရေတပ်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘောဆိုင်ရာ နည်းပညာ လျှို့ဝှက်ချက်တွေကို ခိုးယူပြီး တခြားနိုင်ငံ တစ်ခုက သူလျှို တစ်ဦးဆီ ရောင်းချဖို့ ကြိုးစားခဲ့ကြောင်း တရားရေး ဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။ တကယ်တမ်းကျတော့ သူတို့ ဆက်သွယ် ရောင်းချမယ့် သူလျှိုဆိုသူက FBIရဲ့ အေးဂျင့်တစ်ယောက် ဖြစ်နေပါတယ်။ ဂျိုနသန်နဲ့ ဒိုင်ယာနာတို့ဟာ အဲဒီ အချက်အလက်တွေကို မြေပဲယို ပုလင်းတစ်လုံးထဲမှာ ဝှက်ပြီး သယ်ဆောင်လာခဲ့ပါတယ်။

အသက် ၄၂ နှစ်နဲ့ ၄၅ နှစ်အရွယ်တွေ အသီးသီး ရှိကြတဲ့ စုံတွဲဟာ အခုအခါမှာတော့ အမေရိကန်ရဲ့ အက်တမ်စွမ်းအင်ဆိုင်ရာ အက်ဥပဒေအရ တရားစွဲဆို ခံထားရပါတယ်။ ဂျိုနသန်ဟာ အမေရိကန် ရေတပ်ရဲ့ နျူကလီးယား စွမ်းအင်သုံး ခုတ်မောင်းမှု ပရောဂျက်တွေမှာ အလုပ်လုပ်နေသူပါ။ သူဟာ ၂၀၂၀ ပြည့်နှစ်လောက်မှာ အယောင်ဆောင် FBI အေးဂျင့်ကို စကားဝှက် အီးမေးလ်တွေ ပေးပို့ပြီး အဆက်အသွယ် လုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျိုနသန်နဲ့ ဒိုင်ယာနာတို့ဟာ ၇ လလောက် အကြာမှာတော့ လျှို့ဝှက် အချက်အလက်တွေကို ဒေါ်လာ တစ်သိန်းနဲ့ ရောင်းချပြီး ခရစ္စတို ငွေကြေး စနစ်နဲ့ ငွေချေဖို့ ကမ်းလှမ်းလာပြီး အယောင်ဆောင် အေးဂျင့်က သဘောတူခဲ့ပါတယ်။ အဲဒီကနေတဆင့် အခုနှစ်လယ်မှာ အေးဂျင့်ဆီကို နျူကလီးယား ရေငုပ်သင်္ဘောဆိုင်ရာ လျှို့ဝှက်ချက်တွေကို SDကတ်ထဲ ထည့်ပြီး ရောင်းစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ နှစ်ဦးစလုံးကို ရဲတွေက ဖမ်းဆီးလိုက်ပြီး FBIက တရားစွဲဆိုခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အမှုကို အောက်တိုဘာ ၁၂ ရက်မှာ ကနဦး ကြားနာသွားမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။