Connect with us

Hi, what are you looking for?

News

NUGမြန်မာကိုယ်စားလှယ်ရုံး ငှားရမ်းခကို တောင်ကိုရီးယားရောက်မြန်မာတွေ ထောက်ပံ့

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ဟာ One Day Challenge လှုပ်ရှားမှုနဲ့ NUG ကို အမေရိကန်ဒေါ်လာ ၁ သိန်း စတင်ထည့်ဝင်လှူဒါန်းထားပြီး One Day Challenge မန်ဘာဝင်တွေရဲ့ ထည့်ဝင်ငွေနဲ့ NUG ကို လစဉ် ဘဏ္ဍာရန်ပုံငွေ ဝမ် ၁၂၃,၆၄၀,၀၀၀ ထောက်ပံ့နိုင်မယ်ဆိုပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)အဖွဲ့ဝင်တွေဟာ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးငှားရမ်းဖို့ စပေါ်ငွေ ဝမ်သိန်း ၁၀၀ ပံ့ပိုးပေးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကိုယ်စားလှယ်ရုံးအတွက် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)အဖွဲ့ဝင်တွေက စပေါ်အဖြစ် ဝမ်သိန်း ၁၀၀ ကို တစ်နှစ်တာ ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ဟာ One Day Challenge လှုပ်ရှားမှုနဲ့ NUG ကို အမေရိကန်ဒေါ်လာ ၁ သိန်း စတင်ထည့်ဝင်လှူဒါန်းထားပြီး One Day Challenge မန်ဘာဝင်တွေရဲ့ ထည့်ဝင်ငွေနဲ့ NUG ကို လစဉ် ဘဏ္ဍာရန်ပုံငွေ ဝမ် ၁၂၃,၆၄၀,၀၀၀ ထောက်ပံ့နိုင်မယ်ဆိုပါတယ်။

One Day Challenge လှုပ်ရှားမှုဟာ တောင်ကိုရီးယားရောက်မြန်မာတွေက သူတို့လစာထဲက လစာရဲ့တစ်ရက်စာကို NUG ကို လှူဒါန်းဖို့ ထည့်ဝင်ကြတာဖြစ်ပြီး အောက်တိုဘာ ၉ ရက်အထိ အဲဒီလှုပ်ရှားမှုမှာ ကိုရီးယားရောက် မြန်မာ နိုင်ငံသားအဖွဲ့ဝင် ၁,၃၁၇ ဦးရှိနေပြီလို့ ထုတ်ပြန် ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။