Connect with us

Hi, what are you looking for?

ဆောင်းပါး

ကိုဗစ်နဲ့ ရောဂါလက္ခဏာဆင်တဲ့ တုပ်ကွေးရောဂါအဖြစ်များနေ

ကူးစက်ရောဂါတွေဖြစ်တဲ့ ကိုဗစ်ရောဂါနဲ့ ရာသီတုပ်ကွေးရောဂါတွေဟာ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။

ဒီရောဂါနှစ်မျိုးစလုံးဟာ အသက်ရှူလမ်းကြောင်းက ကူးစက်ကြပုံချင်း တူညီသလို ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် ကူးစက်မှုမြန်တာချင်းလည်း တူတယ်လို့ ကျန်းမာ​ရေးပညာရှင်တွေက ဆိုပါတယ်။

ရန်ကုန်-ဒလ ဆိပ်ကမ်းတွင် သ​ဘော်​ပေါ်မှဆင်းလာ​သောပြည်သူများ (ဓါတ်ပုံ-AP)

မိုးအကုန် ဆောင်းအကူးဖြစ်တဲ့ အခုလိုကာလမှာ ရာ သီတုပ်ကွေးရောဂါ အဖြစ်များလေ့ရှိပါတယ်။ အထူးသဖြင့် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားနေတဲ့ကာလမှာ ကိုဗစ်လား တုပ်ကွေးလားခွဲမရလောက်အောင် ရောဂါလက္ခဏာတွေ ဆင်တူနေတာ တွေ့ရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

ဒါကြောင့်မို့ မာယာများလှတယ်လို့ တင်စားကြတဲ့ ကိုဗစ်ရောဂါရဲ့ ပုံစံသစ်အစပျိုးမှုဖြစ်လေမလားဆိုပြီး ကျန်းမာရေးပညာရှင်တွေ စိုးရိမ်မကင်း​စောင့်ကြည့်​နေကြတာလည်း ရှိပါတယ်။

“အခုဟာက တုပ်ကွေးဖြစ်တဲ့ လက္ခဏာလား။ ဒါမှမဟုတ် ကိုဗစ်ရဲ့ ပုံစံသစ်အစပျိုးတာမျိုးလား။ သေချာမခွဲနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်”လို့ ရန်ကုန်တိုင်း အခမမဲ့ဖျားနာကုဆေးခန်းကွန်ယက်မှာ ထဲထဲဝင်ဝင်လုပ်ခဲ့ဖူးတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ပြီးတော့ သူကြည့်ပေးရတဲ့ လူနာတွေထဲမှာ လူနာ ၁၀ ဦးရှိတယ်ဆိုရင် အားလုံးနီးပါးက ကိုဗစ်နဲ့ဆင်တူတဲ့ ရောဂါလက္ခဏာမျိုးတွေ တွေ့ရတဲ့အပြင် ဓာတ်ခွဲနမူနာရယူစစ်ဆေးတဲ့အခါမှာလည်း
ကိုဗစ်ပိုးတွေ့သူတချို့ ရှိနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အတွေ့ရများတဲ့ ရောဂါလက္ခဏာတွေထဲ နှာစေးတာ ၊ချာင်းဆိုးတာ၊ လည်ချောင်းနာတာ ၊နှာခေါင်းပိတ်တာ ၊ အနံ့ပျောက်တာ ၊ ခေါင်းကိုက်တာ စတဲ့လက္ခဏာတွေဖြစ်တယ်လို့ ကုသမှုပေးနေတဲ့ ကျန်းမာရေးပညာရှင်တွေက ပြောကြပါတယ်။

※ တုပ်ကွေးလား ကိုဗစ်လား

ကူးစက်ရောဂါတွေဖြစ်တဲ့ ကိုဗစ်ရောဂါနဲ့ ရာသီတုပ်ကွေးရောဂါတွေဟာ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။

ဒီရောဂါနှစ်မျိုးစလုံးဟာ အသက်ရှူလမ်းကြောင်းက ကူးစက်ကြပုံချင်း တူညီသလို ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် ကူးစက်မှုမြန်တာချင်းလည်း တူတယ်လို့ ကျန်းမာ​ရေးပညာရှင်တွေက ဆိုပါတယ်။

လတ်တလောမှာဆိုရင် ရာသီအကူးအပြောင်းကာလဖြစ်တာနဲ့အညီ ရန်ကုန်လိုလူနေသိပ်သည်းတဲ့မြို့ကြီးတွေသာမက ကျေးလက်ဒေသတွေမှာပါ
ကိုဗစ်လား တုပ်ကွေးလား မသဲကွဲတဲ့ ကူးစက်ရောဂါတစ်မျိုး အဖြစ် များလာနေပါတယ်။

“အခုတွေ့နေရတာက (ကိုဗစ်လက္ခဏာ)တော်တော် များများက ဆင်တယ်။ အတိကျသိနိုင်ဖို့ဆိုရင် ဓာတ်ခွဲနမူနာယူစစ်မှပဲ ရမယ်။ သာမန်စမ်းသပ်ကြည့်ယုံနဲ့တော့ မသိနိုင်ဘူး”လို့ ရန်ကုန်အနောက်ပိုင်းခရိုင်ထဲက မြို့နယ်ကျန်းမာရေးမှူးတစ်ဦးက ပြောပါတယ်။

တုပ်ကွေးနဲ့ ကိုဗစ် ကွဲပြားတယ်လို့ ဆိုနိုင်တာက ကိုဗစ်လူနာဆိုရင် ၂ ရက် ၃ ရက်အတွင်းမှာ ရောဂါရဲ့ဖိစီး နှိပ်စက်မှုဒဏ်ကို သိသိသာသာခံစားရပြီး တုပ်ကွေးဆိုရင်တော့ ရက်ပိုင်းအတွင်း အဖျားပျောက်နိုင်တယ် လို့ သူက ဆက်ပြောပါတယ်။

သို့သော်လည်း လက်ရှိအနေအထားမှာ ကိုဗစ်တတိယလှိုင်းရဲ့အကြွင်းအကျန်အနေမျိုးနဲ့ ပိုးတွေ့လူနာဆက်ရှိနေတာဖြစ်နိုင်သလို ကပ်ရောဂါလှိုင်းတစ်လှိုင်းပြီးသွားလို့ နောက်ထပ်လှိုင်းသစ်တစ်ခုအစပျိုးချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အဲဒီ မြို့နယ်ကျန်းမာရေးမှူးက သုံးသပ်ပြောကြားပါတယ်။

Public Service Announcement

※ ကိုဗစ်ကူးစက်မှု အခြေအနေ

ကျန်းမာရေးပညာရှင်တွေ သိမှတ်ပြောဆိုကြတဲ့ ကိုဗစ် တတိယလှိုင်းဟာ မြန်မာနိုင်ငံမှာ သြဂုတ်လနှောင်းပိုင်းလောက်အထိ ကူးစက်မှုအရှိန်မြင့်ခဲ့ပါတယ်။

ခုဆိုရင် ကိုဗစ်တတိယလှိုင်းအကျလို့ဆိုနိုင်တဲ့ ကာလတစ်ခုဖြတ်သန်းခဲ့တာ လပိုင်းပဲရှိပါသေးတယ်။ ပညာရှင်တွေရဲ့ အဆိုအရ လက်ရှိကပ်ရောဂါရဲ့ လှိုင်းတစ်လှိုင်းအထနဲ့ ပြန်အကျဟာ ၃ လအတွင်းဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

လတ်တလောမြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု ကျဆင်းသွားပြီဆို​ပေ
မယ့်အကြမ်းဖက် စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်တဲ့ စာရင်းတွေအရ နေ့စဉ်ပိုးတွေ့လူနာ ထောင်ကျော်ရှိနေပါသေးတယ်။ ပြီးတော့ အဲဒီထုတ်ပြန်တဲ့စာရင်းတွေဟာ မြေပြင်ဖြစ်ပွားမှုအခြေအနေတွေနဲ့ ကွာဟချက်ရှိနေတာကိုလည်း ပညာရှင်တွေက ထောက်ပြကြပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်တဲ့စာရင်းတွေမှာကိုပဲ အခုအောက်တိုဘာဒုတိယပတ်ထဲမှာ ပိုးတွေ့လူနာအနည်းဆုံးက ၁,၁၀၀​ကျော် ဖြစ်ပြီး အများဆုံးက ၁၈၀၀ ​ကျော်အထိ့ ရှိနေတာတွေ့ရပါတယ်။ ​သေဆုံးသူကလည်း ​
နေ့စဥ် ၃၀ ဦးနဲ့ ၅၀ ဦးကြားရှိပါတယ် ။

စာရင်းကောက်ယူရရှိဖို့ အခက်အခဲရှိတဲ့ ခုလိုအခြေအနေမှာ ပိုးတွေ့လူနာ ထောင်ကျော်ရှိနေတာဟာ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေတုန်းက ကူးစက်မှုနှုန်းအလယ်အလတ်ရှိတဲ့အနေအထားနဲ့ ယှဉ်ရင်မတိမ်းမယိမ်းဖြစ်နေတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

ဒါအပြင် မြို့ပြ​တွေမှာ ကိုဗစ်ကူးစက်မှု​လျော့နည်းသွားတယ်ဆို​ပေမယ့် ​ကျေးလက်​ဒေသ​အချို့မှာ အခုချိန်ထိ့ကို
ဗစ်ကူးစက်​သေဆုံးတာ​တွေများ​နေ​သေးတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။

ဒါကြောင့် ကျန်းမာရေးပညာရှင်တွေက ပြည်သူတွေ ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းလာပြီး ကပ်ရောဂါစတုတ္ထလှိုင်း ထပ်ဖြစ်လာမှာကို စိုးရိမ်ပူပန်မှုရှိနေကြပါတယ်။

※ လောင်စာထဲ မီးပွားကျသလို

ကိုဗစ်နဲ့ ရောဂါလက္ခဏာဆင်တူတဲ့ ရာသီတုပ်ကွေးရောဂါဟာ ကိုဗစ်ရောဂါနည်းတူ ကူးစက်မှုမြန်တဲ့ ရောဂါတစ်ခုပါ။ မိသားစုတစ်ခုမှာ တစ်ယောက်ဖျားတယ် ဆိုရင် အခြားမိသားစုဝင်အားလုံးနီးပါး ကူးစက်ခံရနိုင် တာမို့ သတိပြုရမဲ့ ရောဂါဖြစ်တယ်လို့ အခမဲ့ကျန်းမာရေးဆေးခန်းကွယက်အဖွဲ့ဝင် ဆရာဝန်ဖြစ်သူက သတိပေးပါတယ်။

တစ်ဦးကနေ နောက်တစ်ဦးကို ရောဂါမကူးစက်အောင် သတိပြုနေနိုင်ဖို့လိုအပ်သလို ရာသီတုပ်ကွေးရဲ့လက္ခဏာတွေဟာလည်း ကိုဗစ်နဲ့ဆင်တူတာကြောင့် မိမိကိုယ်ကိုယ် ကိုဗစ်ဖြစ်တယ်လို့ယူဆပြီး ပြုမူနေထိုင်သင့်တယ်လို့ သူက အကြံပြုပါတယ်။

“တချို့က ရာသီတုပ်ကွေးပါ တုပ်ကွေးပါဆိုပြီး ပေါ့ကြတယ်။ တစ်ကယ်တော့ အဲဒီအတွေးဟာ မှားတယ်လို့ ဆိုချင်ပါတယ်။ တုပ်ကွေးမဟုတ်ဘဲ ကိုဗစ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးမျိုး တွေးစေချင်တယ်”

Mask တပ်၊ လက်​ဆေး ၊ခပ်ဝေးဝေးနေဆိုတဲ့ ကိုဗစ်စည်းကမ်းတွေအတိုင်း လိုက်နာလုပ်ဆောင်မယ်ဆိုရင် တုပ်ကွေးဖြစ်စေ၊ ကိုဗစ်ဖြစ်စေ ၊ရောဂါကူးစက်မှုကို ထိန်းနိုင်မယ်လို့ အထက်ပါဆရာဝန်က ဆက်ပြောပါတယ်။

ကူးစက်မှုကျလာတယ်ဆိုပြီး ကိုဗစ်စည်းကမ်းမလိုက် နာဘဲ ပေါ့နေကြမယ်ဆိုရင် လက်ရှိမှာ ကူးစက်မှုတွေ ဆက်ရှိနေသေးတာကြောင့် လောင်စာပုံကြီးထဲ မီးပွားကျသလို ဟုန်းခနဲမီးထတောက်ပြီး နောက်ထပ်ကပ်ရောဂါလှိုင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင်ထဲက မြို့နယ်ကျန်းမာရေးမှူးက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။