သတင်း ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်၍ ပြည်သူငါးဦး ထိမှန်ဒဏ်ရာရ လက်ရှိ ဝက်လက်နယ်တွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်း ထိုးလာသောကြောင့် ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် People's Servant Revolution-Wetlet အဖွဲ့က သတိပေးထားသည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း ဖားကန့် ဆယ်ဇင်းဒေသ KIAနှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီ၊ ရှမ်းနီ ပူးပေါင်းတပ် အထိနာ ဒေသတွင်း၌ စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်များက ပြည်သူအပေါ် အနိုင်ကျင့်ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ကျူးလွန်နေ၍ စစ်ကောင်စီတပ်များ အထိနာသည့်အပေါ် ဝမ်းသာကြောင်း ဒေသခံက ပြောသည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း ငါန်းဇွန်နယ် ထန်းတစ်ပင်ရွာကို စစ်တပ်ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့် ဖမ်းဆီးထား ယမန်နေ့နံနက်ပိုင်းကလည်း ထန်းတပင်ကျေးရွာရှိ ပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေပြီး ရွှေ၊ငွေစသည့် အဖိုးတန်းပစ္စည်းများနှင့် ဆန်၊ဆီ ရိက္ခာများကို အဓမ္မလုယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း စစ်ကောင်စီဖမ်းဆီးပြီး ထောင် ၁၀နှစ်ချခံထားသည့် CNDFရဲဘော် ဆေးကုသခွင့်မရ၍ အကျဥ်းထောင်အတွင်း သေဆုံး သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ကောင်စီက ဇာတိမွေးရပ်မြေ ဖလမ်းမြို့သို့ ပြန်လည် သယ်ယူခွင့်မပေး၍ ကလေးမြို့တွင် မြှပ်နှံခဲ့ရသည်ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။ LuduNwayOoဩဂုတ် 11, 2023
နိုင်ငံတကာ လက်ဘနွန်မှာ ကာကွယ်ရေး ဝန်ကြီးရဲ့ မော်တော်ကား ပစ်ခတ်ခံရ ဟစ်ဇ်ဘိုလာတွေရဲ့ ထရပ်ကားကို ပစ်မှတ်ထားခဲ့တဲ့ အဖွဲ့အစည်းကို တိတိကျကျ အတည်မပြုနိုင်သေးသလို ဝန်ကြီးရဲ့ မော်တော်ယာဉ် တိုက်ခိုက်ခံရမှုနဲ့ရော အဲဒီကိစ္စက ဆက်စပ်သလား ဆိုတာကို မသိရသေးပါဘူး။ LuduNwayOoဩဂုတ် 11, 2023
သတင်း ဇူလိုင်လအတွင်း ညောင်လေးပင်ခရိုင်တစ်ခုထဲမှာတင်တိုက်ပွဲကြီး၊ ငယ် တစ်ရာနီးပါးဖြစ်ပွားခဲ့ဟုဆို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်(၁၁)လက်၊ ကျည်ဆံကျည်ဘောက်၊ ခဲယမ်း၊ ဗုံးသီးအများအပြားနဲ့ စစ်သုံးပစ္စည်များကို KNLA တပ်မဟာ(၃)လက်အောက်ခံ တပ်ဖွဲ့များမှ သိမ်းဆည်းရခဲ့သည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့်ပျူ သေဟုဆို ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော ဗိုလ်ဝေမင်းသူနှင့် ပျူခေါင်းဆောင် ချစ်စမ်းမောင်၏ညာလက်ရုံး ပျူစောထီးစုကမ်းဆိုသူတို့၏ အလောင်းများကို သြဂုတ် ၉ရက်တွင် ကျောက်နီမော်သချိုင်း၌ သဂြိုဟ်လိုက်ကြောင်း စုံစမ်းသိရသည်ဟု LLPDF က ပြောသည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း ပြည်တွင်းစက်သုံးဆီဈေးပြန်တက်နေ စစ်တပ်အာဏာမသိမ်းခင်က ဓာတ်ဆီနဲ့ ဒီဇယ်ဈေးဟာ တစ်လီတာကို ကျပ် ၆၀၀ ကျော် ၊ ကျပ် ၇၀၀ ဝန်းကျင်သာရှိခဲ့တာပါ။ LuduNwayOoဩဂုတ် 11, 2023
သတင်း နိုင်ငံရေးမှာ လုံးဝ ပါဝင်ခွင့်မရှိတော့တဲ့စစ်တပ်တည်ဆောက်ဖို့ အပါအဝင် KNUရဲ့ နိုင်ငံရေးရည်မှန်းချက် ၄ ရပ်ကို ထပ်လောင်းအသိပေး KNU အထွေထွေအတွင်းရေးမှူးပဒိုစောတာဒိုမူးကရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကြာ သက်ဆိုးရှည်လာခဲ့တဲ့ အစိုးရ အဆက်ဆက်ရဲ့ မဖြေရှင်းခဲ့တဲ့ နိုင်ငံတည်ဆောက်မှု ပြဿနာကြီးရဲ့ အထွဋ်အထိပ်သာလျင် ဖြစ်တယ်ဟု အသိပေးခဲ့ပါတယ်။ LuduNwayOoဩဂုတ် 11, 2023
သတင်း ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့်နီးစပ်သည့် ဒေါညင်းခူ - ထီးပေါ့ဆို လမ်းပိုင်း လုံးဝအသုံးမပြုရန် နှင့် ယာယီပိတ်ထားမည်ဟု KNDF က ထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 11, 2023