Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဖမ်းဆီးပြီး ထောင် ၁၀နှစ်ချခံထားသည့် CNDFရဲဘော် ဆေးကုသခွင့်မရ၍ အကျဥ်းထောင်အတွင်း သေဆုံး

သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ကောင်စီက ဇာတိမွေးရပ်မြေ ဖလမ်းမြို့သို့ ပြန်လည် သယ်ယူခွင့်မပေး၍ ကလေးမြို့တွင် မြှပ်နှံခဲ့ရသည်ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဖမ်းဆီးပြီး ထောင် ၁၀နှစ်ချခံထားသည့် CNDFရဲဘော် ဆေးကုသခွင့်မရ၍ အကျဥ်းထောင်အတွင်း သေဆုံး
စစ်ကောင်စီဖမ်းဆီးပြီး ထောင် ၁၀နှစ်ချခံထားသည့် CNDFရဲဘော် ဆေးကုသခွင့်မရ၍ အကျဥ်းထောင်အတွင်း သေဆုံး

ဖလမ်းမြို့အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)မှ တပ်ဖွဲ့ဝင် ဆလိုင်းဗန်ဗျက်ဟိမ်သည် စစ်ကောင်စီ၏ အကျဉ်းထောင်အတွင်း အကျဥ်းကျခံထားရစဥ် လုံလောက်သော ဆေးဝါးကုသမှုမရရှိ၍ သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ယမန့်နေ့တွင် အသိပေး ထုတ်ပြန်သည်။

အသက်(၂၉)နှစ်အရွယ် ဆလိုင်းဗန်ဗျက်ဟိမ်(ခေါ်)ဆလိုင်းအာဒံကို စစ်ကောင်စီတပ်က ၂၀၂၁ ဇွန်လ ၁ ရက်တွင် ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ဩဂုတ် ၆ရက်တွင် ကလေးမြို့နယ်၊ အင်းတိုင်းလေးအကျဉ်းထောင်၌ နှလုံးရောဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု CNDFက ဆိုသည်။

ဆလိုင်းဗန်ဗျက်ဟိမ်ကို စစ်ကောင်စီက လုံလောက်သော ဆေးဝါးကုသခွင့်မပေးသဖြင့် စစ်ကောင်စီစစ်ကြောရေးတွင် နှိမ်စက်ထားသည့် ဒဏ်ရာများနှင့် နှလုံးရာဂါတို့ကြောင့် ကွယ်လွန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“နောက်ဆုံး အခြေအနေရောက်မှ ကလေးမြို့ဆေးရုံကိုပို့တာ ဆေးရုံမှာပဲ ဆုံးသွားတာ”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ကောင်စီက ဇာတိမွေးရပ်မြေ ဖလမ်းမြို့သို့ ပြန်လည် သယ်ယူခွင့်မပေး၍ ကလေးမြို့တွင် မြှပ်နှံခဲ့ရသည်ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ဆလိုင်းဗန်ဗျက်ဟိမ်ကို စစ်ကောင်စီက ၂၀၂၁တွင် ဖမ်းဆီးပြီးနောက် ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)တွင် စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ပြီးနောက် ထောင်ဒဏ် ၁၀နှစ် မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျဆုံးမှုအပေါ် CNO/CNDFမှ လေးစားဂါရဝပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြောင်းမှတ်တမ်းတင် ဂုဏ်ပြုအပ်သည်ဟု ဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။