သတင်း စစ်ကိုင်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်၍ လသားအရွယ်ကလေးငယ်အပါအဝင် သုံးဦးသေဆုံး၊ ၁၅ ဦးခန့်ဒဏ်ရာရ တိုက်ခိုက်မှုကြောင့် (၈)လသားအရွယ် ကလေးငယ်တစ်ဦး ၊ ကလေး၏မိခင် (၂၃)နှစ်ခန့်အရွယ်အမျိုးသမီး တစ်ဦးနှင့် (၆၅)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးတို့ စုစုပေါင်း သုံးဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း လားရှိုးမြို့နယ်တွင် TNLAနှင့် စစ်ကောင်စီ နှစ်ရက်ဆက် တိုက်ပွဲဖြစ် နေ့လယ် ၂နာရီခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက် နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၄နာရီခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း ရွာငံတွင် ချိတ်ပိတ်ခံထားရသည့်နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက် တိုက်ခိုက်မှုသတင်းကို ယနေ့မှ ထုတ်ပြန်ရခြင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအတွက်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများကို ဖော်ပြပေးနေသည့် Voice Of Pindaya က ဆိုသည်။ LuduNwayOoဩဂုတ် 11, 2023
နိုင်ငံတကာ တောမီး အပြင်းအထန် လောင်ကျွမ်းနေတဲ့ ဟာဝိုင်ယီမှာ အရေးပေါ် အခြေအနေ ဘိုင်ဒန်ကြေညာ အမေရိကန် အထက်လွှတ်တော်အမတ် ဘရိုင်ယန် ရှက်ဇ်က မီးလောင်ပြင် နေရာတချို့ကို သွားရောက်ခဲ့ပြီး လေက အခုရက်ပိုင်းမှာ နည်းနည်း ပြန်ငြိမ်သွားပေမယ့် နောက်ထပ် အသေအပျောက်ဦးရေ တိုးလာနိုင်ခြေတွေ ရှိနေသေးကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ LuduNwayOoဩဂုတ် 11, 2023
သတင်း မုံရွာမြို့တွင် အနုကြမ်းစီးမှုဖြစ်ပြီး နေ့စေ့လစေ့ကိုယ်ဝန်ဆောင်အမျိုးသမီး အသတ်ခံရ ယနေ့(သြဂုတ် ၁၀ရက်) ညနေ ၃နာရီခန့်က အဆိုပါ နေအိမ်ရှိ အိမ်ရှင်အမျိုးသမီး အသတ်ခံရပြီး သူမသည် ရက်ပိုင်းအတွင်း သားဦးမွေးဖွားတော့မည့် ကိုယ်ဝန်ဆောင်အမျိုးသမီးဟု မြို့ခံများက ပြောသည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း ဂန့်ဂေါအနောက်ဘက်ခြမ်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ဒေသခံ လေးဦးသတ်ဖြတ် စစ်ကောင်စီစစ်ကြောင်းသည် ရှုံးရှီရွာစာသင်ကျောင်း၌ ယနေ့ညက စခန်းချထား၍ ရှုံးရှီရွာ၊ အနောက်ဂန့်ဂေါနှင့် ဇဟောရွာတို့မှ ဒေသခံပြည်သူ ၃,၀၀၀ခန့်မှာ ဘေးလွတ်ရာတိမ်းရှောင်နေရသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ပြောသည်။ LuduNwayOoဩဂုတ် 10, 2023
သတင်း သမင်အင်းကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် ၃၀ကျော်သေဟု NUG အတည်ပြု တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၁လက်၊ ဒရုန်းပစ် တစ်လက်၊ မိုင်းရှာစက် တစ်လုံး၊ (၆၀) မမ ဗုံးသီးများနှင့် ကျည်မျိုးစုံ အမြောက်အများတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoဩဂုတ် 10, 2023
သတင်း ဆန်ဈေးတက်နေချိန် ဆန်စပါးအသင်းချုပ်က လေးလအတွင်း ပြည်ပကို ဆန်တန်ချိန် ၃ သိန်းကျော်တင်ပို့ စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန် ၂၂ ဒဿမ ၆ သန်းတင်ပို့ပြီး ဒေါ်လာ သန်း ၈၅၀ရရှိခဲ့သည်။ ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၄ တွင်လည်း ဆန်တန်ချိန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် ဆိုကာ ပြည်ပသို့ ဆန်များတိုးပို့နေခြင်းဖြစ်သည်။ LuduNwayOoဩဂုတ် 10, 2023
သတင်း ကချင်အာဇာနည်နေ့သို့ NUGနှင့် CRPH သဝဏ်လွှာပေးပို့ ကချင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်း၍ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUGက သဝဏ်လွှာပေးပို့ ပြောကြားသည်။ LuduNwayOoဩဂုတ် 10, 2023
သတင်း ရိုဟင်ဂျာစက်လှေနစ်မြုပ်မှု ရုပ်အလောင်း ၁၇လောင်းရှာဖွေတွေ့ရှိ လက်တလောတွင် ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသများ၌ မိုးနှင့်လေပြင်း ဆက်လက်အားကောင်းနေသောကြောင့် ပျောက်ဆုံးနေသူများကို အသက်ရှင်လျက် ပြန်တွေ့ရန် မလွယ်ကူတော့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 10, 2023