Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်၍ ပြည်သူငါးဦး ထိမှန်ဒဏ်ရာရ

လက်ရှိ ဝက်လက်နယ်တွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်း ထိုးလာသောကြောင့် ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် People’s Servant Revolution-Wetlet အဖွဲ့က သတိပေးထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ပဲ့သူကြီးကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်ခဲ့၍ ပြည်သူ ငါးဦး လက်နက်ကြီးထိမှန်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို လေကြောင်းမှပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သည် အင်အား ၁၀၀ခန့်ဖြင့် ဝက်လက်မြို့နယ်သို့ စစ်ကြောင်းဆက် ထိုးလာခဲ့သည်။

မွန်းလွဲပိုင်းတွင် ဝက်လက်မြို့နယ်၊ ပဲ့သူကြီးရွာရောက်ရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ရာ ပြည်သူ ငါးဦး ထိမှန်ခဲ့ကြောင်း Wet Let Informational Network အဖွဲ့က ပြောသည်။

အလားတူ ယနေ့ နံနက် ၃နာရီခွဲခန့်ကလည်း ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာမှ အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်သည် ရေကြောင်းမှတဆင့် ဝက်လက်နှင့်စစ်ကိုင်းနယ်အစပ် စဉ့်ကိုင်ကျေးရွာကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ဝင်ရောက် တပ်စွဲခဲ့ကြောင်း People’s Servant Revolution-Wetlet အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“လက်ရှိ ထန်းကြီးရွာနဲ့ ပဲ့သူကြီးရွာမှာ စကစတပ်က နှစ်ဖွဲ့ ခွဲထားတယ်။ အင်အား ၁၂၀ဝန်းကျင် ရှိမယ်။ စဉ့်ကိုင်မှာက သံကွန်အစောင့် အင်အားအနည်းငယ်ကျန်မယ်။ စဉ့်ကိုင်ရွာထဲက ပြည်သူပိုင်ပစ္စည်းတွေကို ဆိတ်၊သိုး၊ နွားတွေအပါအဝင် သံကွန်ပေါ် သယ်တင်နေတယ်။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်ရှိ ဝက်လက်နယ်တွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်း ထိုးလာသောကြောင့် ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် People’s Servant Revolution-Wetlet အဖွဲ့က သတိပေးထားသည်။

ယနေ့ (သြဂုတ် ၁၁ ရက်)နံနက် ၂ နာရီဝန်းကျင်က တလိုင်းရွာရှိ တလိုင်းကန်ဦးကျောင်းအား စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၈)လသား အရွယ် ကလေးငယ်တစ်ဦး ၊ ကလေး၏မိခင် အသက် (၂၃)နှစ်ခန့်အရွယ် အမျိုးသမီးနှင့် အသက်(၆၅)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။