သတင်း ယင်းမာပင်တွင် ရဲတပ်ရင်းမှ လက်နက်ကြီးပစ်ခတ်၍ (၁၂)အရွယ် မိန်းကလေးတစ်ဦးသေဆုံး၊ အဘွားအို တစ်ဦးဒဏ်ရာရ ယနေ့ (ဧပြီ ၁၂ ရက်) နံနက် ၁နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ မုံရွာ - ပုသိမ်လမ်းမဘေးရှိ အမှတ်(၂၈)ရဲတပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီးဖြင့် ရွှေပေကုန်းကျေးရွာသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဧပြီ 12, 2023
သတင်း သရက်ချောင်းတွင် တပ်စွဲထားသောစစ်ကောင်စီစခန်းအား PDF စခန်းသိမ်းတိုက်ပွဲဆင်နွှဲ ထိုသို့ ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၂၀ ဦး ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းမှ ရဲဘော် ခုနစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။ LuduNwayOoဧပြီ 12, 2023
သတင်း ကလေးငယ်တွေအပါအဝင် လူပေါင်းများစွာသေဆုံးခဲ့တဲ့ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာ အသိုက်အဝန်း ကျယ်ကျယ်လောင်လောင် ရှုတ်ချ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာ တက်ခ်က သေဆုံးသူတွေထဲမှာ အကအပြနဲ့ ဖျော်ဖြေနေတဲ့ ကျောင်းသားအရွယ် ကလေးငယ်တွေ အများအပြား ပါဝင်ခဲ့တယ် ဆိုတာကို ရင်နာစရာ ကြားသိခဲ့ကြောင် ပြောပါတယ်။ LuduNwayOoဧပြီ 12, 2023
သတင်း စစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ Royal Shune Lei ကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့ဖို့ JFM တောင်းဆို အကြမ်းဖက်မြန်မာစစ်ကောင်စီဟာ ၂၀၂၂ အတွင်း မြောက်ကိုရီးယားဆီကနေ စစ်လက်နက်တွေ ဝယ်ယူခဲ့ဖွယ်ရှိတယ်လို့ NK News က ကြည့်ရှုခဲ့တဲ့ ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များအဖွဲ့ရဲ့ အစီရင်ခံစာကို JFM က ကိုးကားပါတယ်။ LuduNwayOoဧပြီ 12, 2023
သတင်း ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ရေး ဆက်လုပ်မည်ဟု ကန်၊ ဗြိတိန်၊ ကနေဒါ၊ အီးယူတို့ ထုတ်ပြန် ဗြိတိန်နှင့် ကနေဒါတို့ကလည်း စစ်ကောင်စီ၏ အထက်ပါလေကြောင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချမှုများပြုလုပ်ခဲ့ပြီး အကြမ််းဖက်မှုများ ရပ်တန့်ရေး၊ အရပ်သားပြည်သူများကို အကာအကွယ််ပေးနိုင််ရေးတို့အတွက် နိိုင်ငံတကာမိတ်ဖက်များနှင့် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။ LuduNwayOoဧပြီ 12, 2023
သတင်း မင်းတပ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၈ဦးထက်မနည်းသေဆုံးဟု CDF ထုတ်ပြန် အထိနာသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်သည့် ညပိုင်း၌ပင် တိုက်လေယာဉ်ဖြင့် ၈ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဧပြီ 12, 2023
သတင်း ကန့်ဘလူနှင့်ဖလမ်းနယ်တို့တွင် စစ်လေယာဥ်များဖြင့် ဗုံးကြဲခဲ့သည့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်အပေါ် ရှုတ်ချကြောင်း GSCB ထုတ်ပြန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အနေဖြင့်လည်း အကြမ်းဖက် စစ်တပ် ပျက်သုဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ရောက်ရှိသည်အထိ အားသွန်ခွန်စိုက် ကြိုးစား တိုက်ပွဲဝင်သွားမည် ဟု တော်လှန်ရေးသစ္စာအဓိဌာန်ပြုကြောင်းလည်း ထုတ်ပြန်လိုက်သည်။ LuduNwayOoဧပြီ 12, 2023
သတင်း အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကြွေလွင့်ခဲ့ရသည့် ပြည်သူအားလုံးအတွက် တရားမျှတမှု မဖြစ်မနေ ပြန်ယူမည်ဟု NUCC ကတိပြု နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း လူမဆန်သည့် လုပ်ရပ်များအတွက် အကြမ်းဖက်စစ်အုပ်စုအား ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်၍ ထိရောက်သော အရေးယူမှုများကို အမြန်ဆုံးလုပ်ဆောင်ကြရန်လည်း NUCCက ထပ်မံတိုက်တွန်းခဲ့သည်။ LuduNwayOoဧပြီ 12, 2023
သတင်း ဖလမ်း-ဟားခါးလမ်းတိုက်ပွဲစစ်ကားတန်းမှကား ၈ စီးယနေ့ထပ်မံရရှိ၊ ချင်းပူးပေါင်းတပ်ကစုစုပေါင်းကား ၁၃ စီးသိမ်းဆည်း စစ်ကောင်စီယာဉ်တန်းသည် ဟားခါးမြို့နယ်ရှိ ချွန်ကျုံးရွာအဝင်ရှိ ပြည်သူလူထုနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။ LuduNwayOoဧပြီ 12, 2023
သတင်း စစ်ကောင်စီ အပြစ်ကင်းလွတ်ခွင့်မရှိစေရေး တော်လှန်ရေးအင်အားစုများ အမြန်ပူးပေါင်းဆောင်ရွက်ရန် ကရင်နီ KSCC တိုက်တွန်း စစ်ကောင်စီက စစ်ကိုင်းတိုင်း ပဇီကြီးရွာရှိ ပြည်သူလူထုများ အပါအဝင် တစ်နိုင်ငံလုံးမှ အပြစ်မဲ့ ပြည်သူလူထုများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုနှင့်ပတ်သက်ပြီး KSCCက သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဧပြီ 12, 2023