နိုဝင်ဘာ ၂၆၊၂၀၂၆။သုည/Peoples Spring
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျေးရွာတစ်ရွာမှာ ဒေသခံတော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် Free Her လူထုလှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၂၆) ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ့လူထုလှုပ်ရှားမှုကို ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ နဲ့ ပြည်သူ့ပညာရေး သပိတ်စစ်ကြောင်း တို့ပူးပေါင်းပြီး ဒေသခံပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့ကြတာပါ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး (Free Her/Free Them All Movement) လူထုဟောပြောပွဲနဲ့ ဆီမီးထွန်း၊ မီးပုံးပျံလွှတ် ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံတဝန်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ FREE HER လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။



























































