Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် ရဲတပ်ရင်းမှ လက်နက်ကြီးပစ်ခတ်၍ (၁၂)အရွယ် မိန်းကလေးတစ်ဦးသေဆုံး၊ အဘွားအို တစ်ဦးဒဏ်ရာရ

ယနေ့ (ဧပြီ ၁၂ ရက်) နံနက် ၁နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ မုံရွာ – ပုသိမ်လမ်းမဘေးရှိ အမှတ်(၂၈)ရဲတပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီးဖြင့် ရွှေပေကုန်းကျေးရွာသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(အမှတ် (၂၈) ရဲတပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(အမှတ် (၂၈) ရဲတပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အမှတ်(၂၈)ရဲတပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ (၁၂)အရွယ်မိန်းကလေးတစ်ဦး သေဆုံးပြီး အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီ ၁၂ ရက်) နံနက် ၁နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ မုံရွာ – ပုသိမ်လမ်းမဘေးရှိ အမှတ်(၂၈)ရဲတပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီးဖြင့် ရွှေပေကုန်းကျေးရွာသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ရွှေပေကုန်းရွာက ရဲတပ်ရင်းနဲ့ တစ်မိုင်လောက်ဝေးတယ်။ လက်နက်ကြီးက နေအိမ်တစ်လုံးပေါ်ကျပြီး အိမ်ထဲကလူတွေ အိပ်ပျော်နေတဲ့အချိန်ဖြစ်သွားတာ။”ဟု ဒေသခံတစ်ဦးကပြောသည်။

အလားတူ ယမန်နေ့ (ဧပြီ၁၁) ည ၇နာရီခန့်ကလည်း မုံရွာ – ပုသိမ်ကားလမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူ လူငယ်တစ်ဦးအား အမှတ်(၂၈)ရဲတပ်ရင်းမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ပေါင်ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အမှတ်(၂၈)ရဲတပ်ရင်းသည် အနီးဝန်းကျင်ကျေးရွာများသို့ သုံးညဆက် လက်နက်ငယ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။