Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ Royal Shune Lei ကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့ဖို့ JFM တောင်းဆို

အကြမ်းဖက်မြန်မာစစ်ကောင်စီဟာ ၂၀၂၂ အတွင်း မြောက်ကိုရီးယားဆီကနေ စစ်လက်နက်တွေ ဝယ်ယူခဲ့ဖွယ်ရှိတယ်လို့ NK News က ကြည့်ရှုခဲ့တဲ့ ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များအဖွဲ့ရဲ့ အစီရင်ခံစာကို JFM က ကိုးကားပါတယ်။

မြောက်ကိုရီးယာယစစ်သားနှင့် ​မြောက်ကိုရီးယားထုတ်လက်နက်များ ။ ဓါတ်ပုံ-NK News
မြောက်ကိုရီးယာယစစ်သားနှင့် ​မြောက်ကိုရီးယားထုတ်လက်နက်များ ။ ဓါတ်ပုံ-NK News

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူပေးနေတဲ့ Royal Shune Lei ကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့ဖို့ Justice For Myanmar က တောင်းဆိုထုတ်ပြန်ပါတယ်။

အကြမ်းဖက်မြန်မာစစ်ကောင်စီဟာ ၂၀၂၂ အတွင်း မြောက်ကိုရီးယားဆီကနေ စစ်လက်နက်တွေ ဝယ်ယူခဲ့ဖွယ်ရှိတယ်လို့ NK News က ကြည့်ရှုခဲ့တဲ့ ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များအဖွဲ့ရဲ့ အစီရင်ခံစာကို JFM က ကိုးကားပါတယ်။

ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ Korea Mining Development Trading Corporation ကနေ အမျိုးအစားအတည်ပြုနိုင်ခြင်းမရှိတဲ့ စစ်လက်နက်တွေကို စစ်ကောင်စီက ဝယ်ယူခဲ့တယ်လို့သိရပြီး အဲ့ဒီဝယ်ယူမှုတွေမှာ မြန်မာကုမ္ပဏီ Royal Shune Lei Compnay က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့တာလို့ JFM က ဆိုပါတယ်။

Royal Shune Lei ကုမ္ပဏီသည် စစ်အုပ်စု၏ လက်နက်ပွဲစားဖြစ်​ကြောင်း သက်​သေခံ​နေ​သောစာရွက်။ဓါတ်ပုံ-JFM
Royal Shune Lei ကုမ္ပဏီသည် စစ်အုပ်စု၏ လက်နက်ပွဲစားဖြစ်​ကြောင်း သက်​သေခံ​နေ​သောစာရွက်။ဓါတ်ပုံ-JFM

“ဒီတွေ့ရှိချက်ဟာ နိုင်ငံတကာဥပဒေကို စစ်ကောင်စီက အကြိမ်ကြိမ်ချိုးဖောက်နေမှုတွေရဲ့ နောက်ထပ် သက်သေအထောက်အထားဖြစ်ပြီး ဒါတွေကို ရပ်တန့်ဖို့ စစ်ကောင်စီအတွက် ဘဏ္ဍာငွေနဲ့ စစ်လက်နက်ရလမ်းတွေကို ဖြတ်တောက်ခြင်းအပါအဝင် ညီညွတ်တဲ့ နိုင်ငံတကာအရေးယူတုန့်ပြန်ဆောင်ရွက်မှုတစ်ရပ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ JFM က တိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ်မှာ Justice For Myanmar ဟာ Royal Sune Lei ကုမ္ပဏီကို မြန်မာစစ်တပ်အတွက် ရုရှားနဲ့ ဆားဘီးယားနိုင်ငံတွေကနေ စစ်လက်နက်ဝယ်ယူမှုတွေမှာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးနေကြောင်း ထုတ်ဖော်ခဲ့ပြီး ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တောင်းဆိုခဲ့ပေမယ့် လက်ရှိအချိန်အထိ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Royal Shune Lei ကုမ္ပဏီရဲ့ ကွန်ရက်က စင်ကာပူနိုင်ငံမှာလည်း ချဲ့ထွင်ထားပြီး မြန်မာစစ်အုပ်စုထံ စစ်လက်နက်ရောင်းချဖို့အတွက် စင်ကာပူနိုင်ငံရဲ့ အချုပ်အခြာနယ်မြေနဲ့ ငွေကြေးစနစ်တို့ကို အသုံးပြုခြင်းမရှိစေဖို့ အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ စင်ကာပူအစိုးရကို JFM က ဆက်လက်တိုက်တွန်းတောင်းဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူ‌တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း(နတလ)ကျောင်းဟောင်းအနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သူအချို့ ရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်‌နေသေးကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ၂လကြာတဲ့အထိ စစ်တပ်က တုံ့ပြန်မှု တစ်စုံတစ်ရာမရှိသေးဘူးလို့ ဒီကမ်ပိန်းကိုစတင်ခဲ့တဲ့ All In One Piece Movement က အသိပေးထားပါတယ်။

သတင်း

ရေလမ်းကိုအသုံးပြုပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူအင်အားပို့ဖို့ စစ်တပ်က မန္တလေးမြို့ဂေါ်ဝိန်ဆိပ်ကမ်းမှာ ပြင်ဆင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။