ဆောင်းပါး
မြူတွေဆိုင်းပြီး မိုးစက်တွေလည်း စွတ်စိုနေတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းက ရပ်ကွက်လေးတစ်ခုကို ကင်မရာမြင်ကွင်းတခုမှ စတွေရတယ်။ ကင်မရာမြင်ကွင်းထဲမှာ ဖွာလန်ကြဲနေတဲ့ လူနေအိမ်တွေကို မြင်ရတယ်။ သွပ်မိုးတွေဟာ ပေါက်ပြဲ လွင့်စင်နေတယ်။ နေအိမ်က တိုင်တွေတန်းတွေဆိုရင် တချောင်းချင်းစီ လွင့်စင်နေတယ်။