Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တတိယမြောက် ဗင်နီဇွဲလား ရေနံတင် သင်္ဘောတစ်စီးကို ဖမ်းဆီးဖို့ အမေရိကန် ကြိုးစားနေ

ဗင်နီဇွဲလားနဲ့ ဆက်စပ်တဲ့ ရေနံတင် သင်္ဘောနှစ်စီးကို အမေရိကန်က စီးနင်း ထိန်းချုပ်ခဲ့တဲ့အပြင် တတိယ ရေယာဉ် တစ်စီးကိုလည်း ထိန်းချုပ်ဖို့ အပူတပြင်း လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ဗင်နီဇွဲလားနဲ့ ဆက်စပ်တဲ့ ရေနံတင် သင်္ဘောနှစ်စီးကို အမေရိကန်က စီးနင်း ထိန်းချုပ်ခဲ့တဲ့အပြင် တတိယ ရေယာဉ် တစ်စီးကိုလည်း ထိန်းချုပ်ဖို့ အပူတပြင်း လုပ်ဆောင်နေကြောင်း သိရပါတယ်။

အမေရိကန် ကမ်းခြေစောင့်တပ်က ဗင်နီဇွဲလား ရေပိုင်နက်နားက နိုင်ငံတကာ ရေပြင်မှာ ရှိနေနိုင်တဲ့ အဲဒီ သင်္ဘောနောက်ကို အသည်းအသန် လိုက်နေတယ်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ အခုလထဲမှာတင် အမေရိကန်ဟာ ဗင်နီဇွဲလား ရေနံတင် သင်္ဘောနှစ်စီးကို ဟန့်တား ထိန်းချုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီထဲက တစ်စီးကိုတော့ ဒီဇင်ဘာ ၂၀ ရက်နေ့တုန်းက ကြားဖြတ် ဖမ်းဆီးခဲ့တာပါ။

တတိယမြောက် ပစ်မှတ်ထားနေတဲ့ ရေနံတင် သင်္ဘောဟာလည်း အရေးယူ ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဗင်နီဇွဲလား ရေနံတွေကို လျှို့ဝှက် သယ်ယူပို့ဆောင်ပေးနေတဲ့ ရေယာဉ်အုပ်စုနဲ့ ဆက်စပ်နိုင်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

ဗင်နီဇွဲလား အစိုးရဟာ ရေနံလုပ်ငန်းကနေ ရရှိတဲ့ ငွေကြေးတွေကို မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတွေမှာ အသုံးချနေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။ ဗင်နီဇွဲလားကတော့ ရေနံတင် သင်္ဘောတွေကို စီးနင်းထိန်းချုပ်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ ပင်လယ်ဓားပြမှု မြောက်တယ်လို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရေးယူ ပိတ်ဆို့စာရင်းမှာ ပါဝင်တဲ့ ရေနံတင် သင်္ဘောတွေ ဗင်နီဇွဲလားကနေ အဝင်အထွက်လုပ်မှုကို တားဆီးပိတ်ပင်ဖို့ အမေရိကန် စစ်တပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမိန့်ပေးထားပါတယ်။

ဗင်နီဇွဲလားဟာ ကမ္ဘာပေါ်မှာ သိပ္ပံနည်းကျ ရှာဖွေ အတည်ပြုထားနိုင်တဲ့ ရေနံသိုက်တွေ ပမာဏ အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုပါ။

ဗင်နီဇွဲလားကို ရန်လိုပစ်မှတ်ထားနေတာဟာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို တိုက်ဖျက်ဖို့ဖြစ်ကြောင်း ထရမ့်က အခိုင်အမာ ပြောကြားထားပေမယ့် ဗင်နီဇွဲလား အစိုးရကတော့ ထရမ့်ဟာ နိုင်ငံရဲ့ ရေနံအရင်းအမြစ်တွေကို အပိုင်ကြံချင်နေတာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းတဲ့ ရေယာဉ်တွေဆီက ရေလမ်းကြောင်း အသုံးပြုခတွေ အီရန်က ကောက်ခံတာမျိုးကို အမေရိကန်က လက်ခံ ခွင့်ပြုမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ကို အီရန်က စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းခဲ့တဲ့ အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။