ဒီဇင်ဘာ-၂၂၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်မှာ သပိတ်အင်အားစုမှ ဦးဆောင်ကာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
လူထုဆန္ဒပြတောင်းဆိုရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ချက်ချင်းလွှတ်ပေးရေး၊ နိုင်ငံရေးအကျဥ်းသားအားလုံး ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေး၊ စစ်တပ်ရွေးကောက်ပွဲဟာ ဟန်ပြ ရွေးကောက်ပွဲသာဖြစ်၍ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့”၊ “ရွေးကောက်ပွဲဟာ ထွက်ပေါက်မဟုတ်” ထောင်ခြောက်ဖြစ်ကြောင်း အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံး ဆန့်ကျင်ကြဖို့ လှုံ့ဆော် ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းဟာ “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။























































