Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရောပမှာ အကြီးဆုံး ဖြစ်လာမယ့် လေယာဉ်တင်သင်္ဘော တည်ဆောက်မယ်လို့ ပြင်သစ် အတည်ပြု

ခေတ်သစ် စစ်ဆင်ရေး လိုအပ်ချက်တွေနဲ့ ပိုမိုကိုက်ညီမယ့် လေယာဉ်တင် သင်္ဘော အသစ်တစ်စီး တည်ဆောက်သွားမယ်လို့ ပြင်သစ် အစိုးရက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ခေတ်သစ် စစ်ဆင်ရေး လိုအပ်ချက်တွေနဲ့ ပိုမိုကိုက်ညီမယ့် လေယာဉ်တင် သင်္ဘော အသစ်တစ်စီး တည်ဆောက်သွားမယ်လို့ ပြင်သစ် အစိုးရက အတည်ပြုခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သမ္မတ အီမန်နျူရယ်လ် မာခရွန်က ရေတပ်အတွက် ရည်မှန်းချက် ကြီးမားတဲ့ အဲဒီ အစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ ပြင်သစ်ရေတပ်မှာ အသုံးပြုနေတဲ့ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီး ချားလ်စ်ဒီဂေါလ်ဟာ သက်တမ်း အိုမင်းနေပြီ ဖြစ်ပါတယ်။

ချားလ်စ်ဒီဂေါလ် နေရာမှာ အစားထိုး တာဝန်ယူမယ့် လေယာဉ်တင် သင်္ဘောသစ် တည်ဆောက်ရေး စီမံကိန်းကိုတော့ PANGလို့ အတိုကောက် နာမည်ပေးထားပါတယ်။ လေယာဉ်တင် သင်္ဘော အသစ်အတွက် ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁၂ ဘီလီယံလောက်ထိ များပြားနိုင်ပြီး ၂၀၃၈ ခုနှစ်မှာ ရေတပ်အတွက် စတင် အမှုထမ်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲဒီအချိန်ကျရင် ချားလ်စ်ဒီဂေါလ်ကို အပြီးတိုင် အနားပေးလိုက်တော့မှာပါ။

လေယာဉ်တင် သင်္ဘောကို ခုတ်မောင်းဖို့ နျူကလီးယား စွမ်းအင်သုံး တွန်းကန်စနစ်တွေကို ပြီးခဲ့တဲ့ နှစ်ကတည်းက တည်ဆောက်မှု စတင်နေပြီလို့လည်း ဆိုပါတယ်။ လေယာဉ်တင် သင်္ဘောအသစ်ဟာ ချားလ်စ်ဒီဂေါလ်ထက် နည်းပညာပိုင်း ပိုအဆင့်မြင့်သလို အရွယ်အစားလည်း ပိုကြီးမှာပါ။ ပြီးတော့ ဥရောပ တစ်တိုက်လုံးမှာ အကြီးမားဆုံး စစ်ရေယာဉ် ဖြစ်လာမယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှာ ဖြန့်ကျက်ထားတဲ့ ပြင်သစ် စစ်သားတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောချိန်မှာ လေယာဉ်တင် သင်္ဘောအသစ် တည်ဆောက်မယ့် အကြောင်းကို မာခရွန်က ထည့်သွင်း အတည်ပြုသွားခဲ့ပါတယ်။

အစိုးရဟာ နိုင်ငံရဲ့ အသေးစားနဲ့ အလတ်စား ကာကွယ်ရေး စက်မှုလုပ်ငန်းတွေ ပိုမိုတိုးတက် ဖွံ့ဖြိုးလာအောင်လည်း တွန်းအာပေး ကူညီသွားမယ်လို့ မာခရွန်က ဆိုပါတယ်။

ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေထဲမှာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်တဲ့ ပြင်သစ်ဟာ လေယာဉ်တင် သင်္ဘောတွေ အသုံးပြုနိုင်တဲ့ နိုင်ငံအနည်းအကျဉ်း စာရင်းမှာလည်း ပါဝင်နေပါတယ်။ ဥရောပတိုက်မှာဆိုရင် လေယာဉ်တင် သင်္ဘောတွေ အသုံးပြုနိုင်တဲ့ ရေတပ်မျိုးကို ပြင်သစ်အပြင် ဗြိတိန်၊ အီတလီနဲ့ စပိန်တို့ပဲ ပိုင်ဆိုင်ထားပါတယ်။

ဒါပေမဲ့ ဥရောပတိုက်ရဲ့ ရေငုပ်သင်္ဘော အစုအဖွဲ့ဟာ အမေရိကန်နဲ့ ယှဉ်ရင်တော့ သေးငယ်နေဆဲပါ။ အမေရိကန်ဟာ အကြီးစား လေယာဉ်တင်သင်္ဘော ၁၁ စီးကို ကိုင်တွယ်နေပြီး တရုတ်မှာတော့ ၃ စီး တည်ဆောက်ထားပါတယ်။ ဥရောပရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ရုရှားမှာတော့ သက်တမ်း အိုဟောင်းနေပြီဖြစ်တဲ့ လေယာဉ်တင် သင်္ဘောကြီး ၁ စီးသာ ရှိနေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

နိုင်ငံတကာ

ပြင်သစ်ဆီက တိုက်လေယာဉ် ၁၆ စီး ဝယ်ယူဖို့ ယူကရိန်းက စီစဉ်နေကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။