Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခအတွက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ မလေးရှားမှာတွေ့ဆုံ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ဆောင်ယူလာနိုင်မလားဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

ဓာတ်ပုံ - Reuters

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ဆောင်ယူလာနိုင်မလားဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

လက်ရှိ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အဲဒီ အစည်းအဝေး မတိုင်ခင်မှာ သူဟာ လက်ရှိ စစ်ခင်းတိုက်ခိုက်နေတဲ့ အာဆီယံ အဖွဲ့ဝင် အိမ်နီးချင်း နှစ်နိုင်ငံစလုံးရဲ့ ခေါင်းဆောင်တွေဆီ ဆက်သွယ် ဆွေးနွေးခဲ့တယ်လို့ လူမှုကွန်ရက် မီဒီယာပေါ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့တုန်းက ရေးသားထားခဲ့ပါတယ်။

အန်ဝါက နှစ်နိုင်ငံကြား တင်းမာမှုတွေကို လျှော့ချဖို့၊ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းပေါ် ပြန်လာဖို့၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအပေါ် အလေးထားပေးကြဖို့ ထိုင်းရော၊ ကမ္ဘောဒီးယားကိုပါ တောင်းဆိုထားကြောင်း ပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံမှုကတော့ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့၊ ကွဲပြားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့၊ မျှတပြီး အဓွန့်ရှည်တဲ့ သဘောတူညီမှုမျိုး ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်လိမ့်မယ်လို့ အန်ဝါက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး ဇူလိုင် လကုန်ပိုင်းတုန်းက ၅ ရက်ကြာ စစ်ပွဲဖြစ်ခဲ့တဲ့နောက် အမေရိကန်၊ မလေးရှား အစိုးရတွေရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ တိုက်ပွဲတွေ တကျော့ပြန် စတင်လာခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ထိရောက်အောင်မြင်တဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုး ဖြစ်မြောက်ဖို့အတွက် ကမ္ဘောဒီးယားဖက်က အမှန်တကယ် အပစ်အခတ် ရပ်စဲရေးကို လိုလားကြောင်း ပြသဖို့ လိုမယ်လို့ သတိပေးထားပါတယ်။

လက်ရှိမှာတော့ နှစ်နိုင်ငံ နယ်စပ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းတုန်းက ထရတ်ပြည်နယ်ရဲ့ နယ်စပ်တစ်နေရာမှာ ကမ္ဘောဒီးယား စစ်တပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး ထိုင်းမရိန်းတပ်သားတစ်ဦး ခြေတစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ကွာလာလမ်ပူမှာ ကျင်းပမယ့် နိုင်ငံခြား ဝန်ကြီးတွေ အစည်းအဝေးကနေ အပစ်ရပ် သဘောတူညီမှုတစ်ခု ထွက်ပေါ်လာနိုင်မလား ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်ကတော့ ထိုင်းဖက်က လုပ်ဆောင်နေတဲ့ စစ်ဆင်ရေး အားလုံးဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်ဖို့နဲ့ ကျူးကျော်ထိပါး ခံရတဲ့ နယ်စပ်ဒေသတွေရဲ့ ပြန်လည် တည်ငြိမ်မှုကို ရယူဖို့သာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

Facebook