Hi, what are you looking for?
ဒီပ/People’s Spring မြန်မာ့နွေဦးတော်လှန်ရေးအတွက် အရေးကြီးဆုံးအချိန်ကာလကိုရောက်ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ကြေညာချက်တွေတသီတစ်တန်းကြီးထွက်လာပြီးတဲ့နောက် အာဏာသိမ်းစစ်အုပ်စု ဘာလုပ်မယ်ဆိုတာကို ခက်ခက်ခဲခဲစဥ်းစားဖို့မလိုတော့ပဲသိနိုင်ခဲ့ပါတယ် ။အရေခွံလဲထားတဲ့ စစ်အုပ်စုက ဒီနှစ်ကုန် နဲ့ ရှေ့နှစ်ဆန်းမှာရွေးကောက်ပွဲအတုလုပ်ပြီး သူတို့ အလိုချင်ဆုံးနိုင်ငံတကာရဲ့အသိအမှတ်ပြုမှုရအောင်မျက်လှည်ပြပါမယ်။ဒီကြားထဲ နယ်မြေတွေမဆုံးရှုံးရအောင် ၊တော်လှန်ရေးတပ်ဖွဲ့တွေ ရွေးကောက်ကွဲကိုမတားဆီးနိုင်အောင် ဆုံးရှုံးထားတဲ့ဒေသအချို့ကို ထိုးစစ်ဆင်မယ် ၊အခွင့်အရေးရရင်ပြန်သိမ်းမယ် ။...