Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့မှာ လက်နက်ကြီးပစ်သံတွေထွက်ပေါ်ပြီးနောက် စစ်ကောင်စီက မြို့အဝင်ပိတ်

မိုးမိတ်မြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရပြီးနောက် စစ်ကောင်စီတပ်က မဘိမ်းမြို့ဘက်ကနေ မိုးမိတ်မြို့အဝင်၊အထွက်ကို ဒီနေ့(ဒီဇင်ဘာ ၁၇ရက်) နေ့လယ်ပိုင်းကစပြီး ပိတ်လိုက်ပါတယ်။

မိုးမိတ်မြို့အဝင်၌ မန္တလေးPDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

ဒီဇင်ဘာ-၁၇၊၂၀၂၅။အိမ်သွင်/People’s Spring

မိုးမိတ်မြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရပြီးနောက် စစ်ကောင်စီတပ်က မဘိမ်းမြို့ဘက်ကနေ မိုးမိတ်မြို့အဝင်၊အထွက်ကို ဒီနေ့(ဒီဇင်ဘာ ၁၇ရက်) နေ့လယ်ပိုင်းကစပြီး ပိတ်လိုက်ပါတယ်။

ယခင်ရက်က‌ထက်ကျယ်လောင်တဲ့ လက်နက်ကြီးပစ်ခတ်သံတွေဟာ ဒီနေ့နေ့လယ်ပိုင်းမှာ ကြားနေရပြီး မြို့အဝင်ကို စစ်ကောင်စီတပ်က ပိတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

” မဘိမ်းဘက်ကိုလည်း လက်နက်ကြီးပစ်ခတ်တာ‌ တွေရှိတယ်။ဒီနေ့က စစ်တပ်က ပစ်တာရော၊ စစ်တပ်ကို ပစ်တာရော ဖြစ်နေတာ။ ကျနော်တို့ကစစ်ရှောင်နေရတာဆိုတော့ စစ်ရေးအခြေအနေဘာတွေဖြစ်နေလဲဆိုတာကတော့ တိတိကျကျမသိဘူး။ မဘိမ်းဘက်ကနေအဝင်ကိုတော့ စစ်တပ်ဘက်က ပိတ်ထားပြီ”လို့ မိုးမိတ်မြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တအာင်းတပ်မတော်(TNLA)က ၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းယူခဲ့တဲ့ မြို့နယ်တွေထဲက မိုးကုတ်နဲ့ မိုးမိတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာမှာ စစ်ကောင်စီထံ ပြန်ပေးခဲ့တဲ့နောက်ပိုင်း မြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာပါ။ မြို့ပေါ်က နေအိမ်တွေမှာ တပ်စွဲထားပြီး စစ်ဘေးရှောင်တွေကို ပြန်လာဖို့ ဖိအားပေးနေပါတယ်။

ဒေသခံအများစုက ပြန်မလာသေးဘဲ ဒေသတွင်းစစ်ရေးအခြေအနေကို စောင့်ကြည့်နေစဉ်မှာ လက်နက်ကြီးပစ်ခတ်သံတွေ မကြာခဏကြားနေရတာဖြစ်ပါတယ်။

” မဘိမ်းဘက်မှာ KIA ရှိတယ်။ စစ်တပ်က မဘိမ်းအထိ တိုးဖို့ ကြိုးစားနေတာ။ ရှေ့ဆက်တိုးရင်တော့ တိုက်ပွဲဖြစ်မှာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးမိတ်မြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်နဲ့ဆက်စပ်နေပါတယ်။ မိုးမိတ်မြို့နယ်အနီးမှာ KIAရဲ့ တပ်ရင်း (၃၄)ရှိနေပြီး လက်ရှိအချိန်အထိ စစ်ရေးပြင်ဆင်ထားမှုမရှိပေမယ့် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်တွေကို တိုက်မယ်ဆိုရင် အကူအညီပေးသွားဖို့ရှိမယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ကလည်း မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့စည်းပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေကို နိုဝင်လာ ၃၀ရက်ကစပြီး တိုက်ခိုက်နေပါတယ်။ လက်ရှိမှာတော့ မိုးမိတ်မြို့နယ်ထဲမှာ မြေပြင်တိုက်ပွဲတွေမရှိပေမယ့် မိုးကုတ်မြို့နယ်မှာတော့ တိုက်ပွဲဖြစ်ပွားနေပါတယ်။

မိုးမိတ်မြို့မှာ တိုက်ပွဲမဖြစ်သေးပေမယ့် ဒီဇင်ဘာ ၇ရက်မနက်မှာ မြစ်ဆုံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ မိုးကုတ်မြို့ကနေ စစ်လာရှောင်သူတွေအပါအဝင် ၉ဦး သေဆုံးခဲ့ပါတယ်။ မြစ်ဆုံရွာဟာ မိုးမိတ်မြို့ကနေ မဘိမ်းမြို့ဘက်ကို သွားတဲ့လမ်းပိုင်းမှာရှိပါတယ်။ စစ်ကောင်စီက မြစ်ဆုံရွာကို ပစ်မှတ်ထားပြီး လေကြောင်းကနေမကြာခဏ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။