Connect with us

Hi, what are you looking for?

သတင်း

ပုလောမှာ CDMပညာရေးတာဝန်ခံ လင်မယား အသတ်ခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က CDMပညာရေးဝန်ထမ်း လင်မယား သတ်ဖြတ်ခံရမှုဖြစ်စဉ်ကို တော်လှန်ရေးအင်အားစုတွေက စုံးစမ်းစစ်ဆေးနေပါတယ်။

အသတ်ခံရတဲ့ ပုလောမြို့နယ်က CDMပညာရေးဝန်ထမ်း လင်မယား။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၁၇၊၂၀၂၅။အိမ်သွင်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က CDMပညာရေးဝန်ထမ်း လင်မယား သတ်ဖြတ်ခံရမှုဖြစ်စဉ်ကို တော်လှန်ရေးအင်အားစုတွေက စုံးစမ်းစစ်ဆေးနေပါတယ်။

ပုလောမြို့နယ်က ပညာရေးတာဝန်ခံဆရာမ ဒေါ်အေသီအောင်နဲ့ အမျိုး သားဟာ ဆားခဲကျေးရွာက နေအိမ်မှာ ဒီဇင်ဘာ ၁၆ရက် မနက်အစောပိုင်းက သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

” မနက်၂နာရီခန့်က ဖြစ်သွားတာ။ အော်ဟစ် အကူအညီတောင်းတဲ့ကြားလို့သွားကြည့်တော့မှ ဓါးဒဏ်ရာတွေနဲ့ လဲကျပြီးသေဆုံးနေတာပါ။ ၂ဦးစလုံးကို သတ်သွားတာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုလောမြို့နယ်က ဆားခဲရွာဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရာဒေသလည်း ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေအပြည့်အဝထိန်းချုပ်ထားတဲ့နေရာမှာ အခုလိုဖြစ်ရပ် ဖြစ်ပွားခြင်းအပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

“အဲနယ်မြေမှာ နေသူတွေရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက်ရော CDMတွေရဲ့ဂုဏ်သိက္ခာအတွက်ပါရှေးရှုပြီး ဒီကိစ္စလက်သည်ပေါ်ဖို့ ဝိုင်းကြိုးစားပေးစေချင်ပါတယ်”လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးကတောင်းဆိုထားပါတယ်။

ပညာရေးတာဝန်ခံဆရာမဟာ အသက်(၅၀)ခန့်ရှ်ိပြီး ပညာရေးဝန်ထမ်းဖြစ်တဲ့ အမျိုးသားက အသက် ၄၀ကျော် အရွယ်ပါ။ သတ်ဖြတ်ခံရတဲ့အကြောင်းရင်းနဲ့ ကျူးလွန်သူကို မသိရသေးဘဲ တော်လှန်ရေးအင်အားစုတွေက စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးနေတယ်လို့ သတင်းရရှိပါတယ်။

သူတို့ရဲ့ နာရေးအတွက် ဆွမ်းသွပ်တရားနာအစီအစဉ်ကို မနေ့က ပြုလုပ်ခဲ့ပါတယ်။

တမြို့နယ်လုံးရဲ့ ပညာရေးတာဝန်ခံဆရာမနဲ့ အမျိုးသား သေဆုံးမှုက တော်လှန်ရေးအင်အားစုတွေရဲ့ ပညာရေးဆိုင်ရာ လုပ်ဆောင်နေမှုတွေအတွက် ထိခိုက်နိုင်တယ်လို့ CDM ဆရာမတစ်ဦးက ပြောပါတယ်။ ကျူးလွန်သူကို ဖော်ထုတ်ပြီး ဒေသခံပြည်သူလူထုရှင်းရှင်းလင်းလင်းသိရှိအောင် ထုတ်ပြန်ပေးဖို့ကိုလည်း သူက တောင်းဆိုပါတယ်။

” ရှေ့ဆက်မယ့်ပညာရေးကဏ္ဍတွေ အားလျော့မှာစိုးရိမ်နေကြတယ်”လို့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒေသတွင်းက ကလေးငယ်တွေရဲ့ ပညာရေးနဲ့ စာတတ်မြောက်ရေးအတွက် ရှေ့တန်းမှ ဦးဆောင်ကြိုးပမ်းနးနေတဲ့ ဆရာမကြီး ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရမှုဟာ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပြီး ပြစ်တင်ရှုတ်ချထားတဲ့ ကြေညာချက်တစောင်ကို ဒီနေ့ ဒီဇင်ဘာ ၁၇ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးနဲ့ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဦးဆောင်ပြီး မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖော်ထုတ်သွားမယ်လို့ အသိပေးထားပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့လည်း ကျူးလွန်သူတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေမျှဝေပေးဖို့အတွက် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။