Connect with us

Hi, what are you looking for?

သတင်း

မုံရွာက မီးရှိူ့ခံရတဲ့ ကျေးရွာ ၂ရွာ အရေးပေါ် စားနပ်ရိက္ခာနဲ့ အသုံး အဆောင်တွေလိုအပ်နေ

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်ကစစ်တပ် မီးရှို့ခဲ့တဲ့ကျေးရွာ ၂ရွာက အိမ်ထောင်စု ၅၀ကျော်ဟာ အရေးပေါ် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ လိုအပ်နေကြောင်း အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်တပ်မီးရှို့ဖျက်ဆီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာရပ်ကွက်ကင်းထောက်များ၊ Monywa Revolution

ဒီဇင်ဘာ-၁၇၊၂၀၂၅ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်ကစစ်တပ် မီးရှို့ခဲ့တဲ့ကျေးရွာ ၂ရွာက အိမ်ထောင်စု ၅၀ကျော်ဟာ အရေးပေါ် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ လိုအပ်နေကြောင်း အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၅ရက် မနက်ပိုင်းက မုံရွာမြို့နယ်တောင်ပိုင်း၊ စွမ်းရည်ထက်ဆီဆိုင်အနီးက စစ်ကောင်စီတပ်ကနေ ထွက်လာတဲ့ အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ နဂါးတွင်းရွာနဲ့ ပေါက်ပင်ကျေးရွာက နေအိမ် ၅၁အိမ်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီမီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့် အိမ်ထောင်စုပေါင်း ၅၃ စုက လူဦးရေ ၂၀၀ကျော်ဟာ ဆန်၊ ဆီ၊ စောင်၊ မိုးကာ၊ အိုးခွက်ပန်းကန်၊ အနွေး ထည်တွေ လိုအပ်နေကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မီးရှိူ့ခံလိုက်ရတဲ့သူတွေက ဘာမှမရလိုက်ကြဘူး။အခုလက်ရှိကတော့ ဖြစ်သလိုလေးပဲ နေနေရတာ”လို့၎င်းက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နေအိမ်တွေအပြင် ပြည်သူတွေရဲ့ကားတွေ၊ ဆိုင်ကယ် တွေပါ မီးရှိူ့သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေ များတယ်လို့ မုံရွာပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ မေလ ၁ ရက်ကနေ ၂၀၂၅ မေလ ၃၁ ရက်အထိ စစ်တပ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၆၈၉၇ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ထားပါတယ်။

မီးရှို့ခံရတဲ့ နေအိမ်တစ်သိန်းကျော်မှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇၆၉၉၀ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရလို့ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သား နေအိမ်စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းကျော်ရှိကြောင်း Data for Myanmar အဖွဲ့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။