Hi, what are you looking for?
မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မောင်တင်သစ်’ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူတွေ”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call –...
■သီဟံ သူတို့ မမြင်ခဲ့တာ မဟုတ်ဘူး။မြင်ခဲ့တယ်။သိခဲ့တယ်။ အဲဒီလမ်းတွေပေါ်မှာစစ်သားမဟုတ်တဲ့၊လက်နက်မကိုင်တဲ့အရပ်သားပြည်သူတွေ၊ရှိနေတယ်ဆိုတာ သူတို့ သိခဲ့တယ်။ အဲဒီဈေးတန်းထဲမှာ –အိမ်ရှင်မတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေဟာလက်ထဲမှာ ဈေးခြင်းတောင်းတွေ၊ရင်ထဲမှာ မိသားစုဝမ်းစာအတွက် စိုးရိမ်မှုတွေနဲ့၊စစ်ပွဲရဲ့အရိပ်မဲအောက်မှာရှင်သန်ဖို့ ရုန်းကန်နေကြတယ်ဆိုတာသူတို့ သိခဲ့တယ်။ ဆေးရုံထဲမှာ –လက်နက်မကိုင်တဲ့ လက်တွေ၊တိုက်ခိုက်ဖို့ မဟုတ်ဘဲအသက်ရှင်ဖို့ ကြိုးစားနေတဲ့ လူမမာတွေသာရှိနေတယ်ဆိုတာလည်းသူတို့ သိခဲ့တယ်။ စစ်ရှောင်စခန်းမှာ...
နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေမိုးဝေး –...
◼️လွန်းညီ(၀.၁)ပြာပုံမှ ပြာပုံသို့ ဆိုတဲ့ဆိုင်းဘုတ်တွေ့လျှင်ရှေ့တည့်တည့် ချိုးလိုက်ပါ(၀.၂)ဗုံးခွက်ရာ(မိုင်းဆွဲတိုက်ခိုက်ထားသောကြောင့်ပေါက်ကွဲထားသောချိုင့်ခွက်များ)ထဲနှစ်ဆယ့်နှစ်ဘီးကားတစီး နစ်မြုပ်သည်အထိနစ်ဝင်ကျွံကျပုံကို မြင်ရပြီ(၀.၃)ဖုန်မှုန့်တလိမ်းလိမ်းနဲ့ လမ်းမများတွင်လည်းအရောင်မသိသောသဲများလူးလွန့်လှုပ်ရှားလျက်ရှိပါသည်(၀.၄)ဆောင်းဦးပေါက်လို့မြစ်မကောခင်စစ်နှင့်ငြိမ်းချမ်းရေးတအုပ် ပြီးအောင်ဖတ်ရမည်လို့ သူမမြင်(၀.၅)ပင်ချင်းယှက်တွယ်နေသောထန်းပင်များအား ဦးခိုက်ရန်တွေ့သူမှာအေးခဲနေတဲ့စည်ဘီယာစုပ်နေသူတဦး(၀.၆)နေရောင်နှင့်နမ်းလုနီးနီးလမ်းသွယ်တလျှောက်က နေကြာပန်းများမှာတပွင့်တည်းမဟုတ်သောလှပခြင်းနှင့်ခိုက်ခိုက်တုန်ခါနေပုံကို ကိုယ်တွေ့ခဲ့ပေါ့(၀.၇)ညီမလေးရေအရာရာဟာ သုသာန်တစပြင် ဆိုပေမဲ့လာခဲ့တုန်းကအတ္တတွေနဲ့အတူတူမင်းမပါဘဲ အိမ်မပြန်ရဲဘူးဒီလိုနဲ့ကိုကိုဟာ အလံနှစ်လက်ကိုကျောမှာလွယ်လို့လမ်းလျှောက်ရင်း လွမ်းခဲ့တယ်။ (ကဗျာခေါင်းစဉ်*ဆရာဇော်ဇော်အောင်မြန်မာပြန်သည့်ဆရာKakuan၏ကဗျာစာသား။) (The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွန်းညီ” ရဲ့...
◾️ Sarah ဟိုမှာမိုးတွေညို့နေပြီဒီအချိန်ဆို တိမ်တွေက မလှပတော့ဘူးဇူလိုင်ရဲ့မိုးစက်တွေဟာငါတို့ရဲ့မျက်ရည်တွေမပြေတဲ့ လက်သီးဆုပ်သွေးမတိတ်သော နာကျင်မှုနဲ့ကြယ်တွေကြွေတဲ့ ကောင်းကင်ကိုကအနီရောင်နဲ့ အမဲရောင်တလှည့်စီအဖြစ်အပျက်တွေသာ မတူတာဒဏ်ရာက ဒဏ်ရာပါပဲဘယ်လိုရှင်သန်ခဲ့လဲ မမေးနဲ့နာကျင်စရာတွေ မပြောချင်ဘူးဘယ်လောက်ခက်ခဲ ခက်ခဲရအောင်လျှောက်ကြရတယ်ရောက်အောင်လျှောက်ကြရမယ်မတရားမှုကျူးလွန်သူမှန်သမျှပြစ်ဒဏ်မှ ကင်းလွတ်ခွင့်မရှိ…။ ။ (The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘Sarah’ ရဲ့ “ဇူလိုင်ဒဏ်ရာ”ကဗျာကို People’s...
ဂျော့လင်းညို လမ်းထိပ်နတ်စင်က ရောင်စုံပန်းတွေမြင်တော့နင့်ကို သတိရမိသေးတယ် ဟေမာ……အသက်ရှိတဲ့ပန်းလေးတွေကိုအသက်မဲ့တဲ့နတ်ရုပ်ကြီးအတွက် ယဇ်ပူဇော်ရတာမတန်ကြောင်း…အကိုးအကားပေါင်းစုံနဲ့ နင်ရှင်းပြသလိုပေါ့……ငါနေတဲ့အရပ်မှာ အသက်ရှိတဲ့ပန်းလေးတွေပေါတယ် ဟေမာနင်ပြောခဲ့သလိုပဲ…မမြင်ရတဲ့အရာကြီးအတွက် မျက်စိစုံမှိတ်ပြီိးအသက်ပေးနေရတုန်း……တစ်ခုလိုချင်ရင် တစ်ခုပေးရတဲ့ နိယာမဟာအခုထိမှန်ကန်နေတုန်းပဲ…မဝေဆာနိုင်တော့တဲ့ ကံ့ကော်တွေ…မာနကို ခဝါချခဲ့ရတဲ့ နှင်းဆီတွေနဲ့…ဒီဥယျာဉ်ကြီးကို ငါစိတ်နာနေပြီ……အလဲအထပ်ခပ်ကြမ်းကြမ်းကို ကြိုက်တဲ့ကံကြမ္မာကတော့ မျက်လှည့်ဆရာကြီးပေါ့မထင်မှတ်ထားတာတွေကို ဦးထုပ်အနက်ထဲကနေတစ်ခါတစ်ခါဆွဲထုတ်ပြသေးတယ်……တစ်ခါတစ်ခါ ချိုင်းထောက်လေးထွက်လာတယ် ဟေမာ…တစ်ခါတစ်ခါ လွယ်အိတ်အစုတ်လေးဘေးမှာ ထမင်းချိုင့်နဲ့…တစ်ခါတစ်ခါ အော်ညည်းသံတွေပါ...
မောင်သုည (ရှပ်ပုံသားလေး) ဖားအော်သံ သောင်းသောင်းညံနေတဲ့ ညဦးရဲ့ မိုးသီးမိုးပေါက်က အမှောင်ထဲ သုံးတော်ခံနေတဲ့ ကချေသည်ပမာ ကျနော့်ကို အဖော်ပြုနေတယ်။ အဲဒီ မိုးသီးမိုးပေါက်ကြားကို ကျနော်မွေးထားတဲ့ ငနီကလည်း အမှောင်ထဲက အလင်းရောင်ကိုတွေ့တော့ တဝုတ်ဝုတ်နဲ့ထဟောင်လို့။ ” ငနီ ” ငနီက ဟောင်သံရပ်ပြီး ကျနော့်အနားလာတယ်။...
ဆပ်ရိပ် သက်ပြင်းဆိုပေမယ့်စိတ်လိုလက်ရ ချပါတယ်။ သုံးလေးငါးနှစ်အစစအရာရာရှားပါးနေတော့ခံစားမှုလည်း တန်ဖိုးကြီးလာတယ်နေမကောင်းတဲ့ညနေမှာတိမ်မျှင်တစက အစကြီးမြတ်တယ်။ လူတစ်ယောက်ဟာ တစ်ခါတစ်လေတော့အမှောင်ထဲထိုင်ဖို့လိုတယ်ထိကရုန်းပင်လိုနေ့တွေအတွက်လူသူနည်းတဲ့တောအုပ်ခပ်နက်နက်လိုတယ်။ ရထားတွေဟာဘယ်ခရီးသည်ကိုမှ စောင့်ရိုးမရှိတာ နားလည်ပါတယ်ကိုယ်လည်း ပုံမှန်ပဲသွားမယ်ဘာကိုမှ ပြေးမလိုက်နိုင်တော့ဘူး။ မျက်ရည်ဟာ အသံထက်မြန်တယ်ဒီကမ္ဘာမှာ အလင်းနှစ်မခြားဘဲနဲ့ ဝေးနေတာ အိမ်ပဲရှိပါတယ်။ (“The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ’ဆပ်ရိပ်’...
ယောနသံ သူက ‘ပန်း’ ပါတဲ့မကြွေရဲရင် အစကတည်းကဒီပန်းက မင်းဆံပင်ပေါ် မပွင့်ခဲ့ဘူးတဲ့ပြတ်ပြတ် သားသား။ ဆူးပါတဲ့နှင်းဆီလည်းကြွေတတ်တာပဲနော် ဆိုတော့*”ကြွေတာကိုက ပွင့်ခြင်းပဲ” လေတဲ့။ လူ့စည်း ဘီးလူ့စည်းအသဲစားရဲမှ သားရဲဖြစ်မှာပန်းမှာလည်းပန်းရဲ့စည်းတော့ ရှိရမပေါ့။ ဒါဟာ စစ်ပွဲတစ်ခုပဲလေ။ ကိုယ်က ဘီလူး ပါဘီလူးတော့ ဘီလူး ဒါပေမယ့်သာမန် သားသတ်လွတ်သမားပန်းစားဘီလူး။...