Hi, what are you looking for?
◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...
မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...
စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...
ပိုင်ဉာဏ် ရန်ကုန်မြို့ကြီးရဲ့ချစ်ရသူတွေ သူ့ဆီကနေ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ထွက်ခွာသွားရတော့ မြို့ဟာ ညရဲ့အမှောင်ထုထဲ ဦးတည်ရာမဲ့ ပစ်လွှတ်ခံလိုက်ရတဲ့ မီးကျည်စတွေလို ကိုယ့်အရေပြားကို ချုပ်စက်ပေါ်မှာ ကိုယ်တိုင်လွှာပြီး ကျန်ရစ်ခဲ့သူတွေအပေါ် အနွေးဓာတ်ကို သူ့အသက်နဲ့ရင်းပြီး လွှားတင်ပေးခဲ့ ကြယ်တွေမှာ ကိုယ်ပိုင်နာမည်တွေ ရှိကြပြီး အရပ်မျက်နှာတွေမှာ ကိုယ်ပိုင်မှတ်ဉာဏ်တွေ ရှိကြပြီး...
ရှစ်ဆယ်သက်ပြည့်သည်ကနေ့အားလုံးမမေ့ဆုတောင်းပွေ့သူမကိုဖမ်းပြည်ညှိုးနွမ်းပြည်သူ့စိတ်ဝမ်းလွန်ပင်ပမ်း၏ဖမ်းသည့်အပြစ်မှန်ဆန်းစစ်တိုင်းပြည်ကိုချစ်အဲ့ဒါပြစ်တဲ့ပြောသည့်စကားပိုင်နိုင်များအမှန်အမှားလွန်ထင်ရှား၏ကမ္ဘာတလွှားခေါင်းမော့သွားနေရာမရှားချစ်သူများ၏သူမအတွက်မပျက်ကွက်အများတွဲလက်မြန်ပြည်တွက်ကျန်းမာရွှင်လန်းပြည့်သဲပန်းရာကျော်သက်တမ်းရှည်စေသော်။ ◼︎ ဇော်
◼️ခွန်းနီအထောက်အထားမဲ့ ကဗျာဆရာတစ်ယောက်ခေတ်ကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့ဂုဏ်မဲ့၊ဒြပ်မဲ့နဲ့ ဖြစ်သလိုကဗျာဆရာပါ။ ခေတ်ကြီးကခပ်လှုပ်လှုပ်ဆိုတော့လည်းကဗျာဆရာ့အိမ်မက်တွေလည်း ခပ်မြုပ်မြုပ်ပါပဲခေတ်ကြီးများဆိုးတော့ အနာဂတ်တွေပါကျိုးရော။ ကဗျာဆရာတွေစစ်တိုက်ကြတဲ့ခေတ်ကို ရောက်နေပြီတစ်ချို့က လူလုပ်တဲ့သေနတ်တွေကိုင်လို့တစ်ချို့က ရင်ထဲကထွက်တဲ့စကားလုံးတွေနဲ့တိုက်လို့။ ကဗျာဆရာဟာလည်း စစ်ကြီးထဲကိုမိုက်မိုက်မဲမဲတိုးခဲ့တယ်အသိုက်အမြုံတွေကို အရေခွံတွေလိုပုံထားခဲ့ပြီးပြာပုံထဲကနေထပြီး ဒဏ်ရာတွင်းထဲခုန်ဆင်းခဲ့သလိုမျိုး။ ရုန်းရင်းကန်ရင်းနဲ့ကျော်လွှားရတဲ့ သက္ကရာဇ်တွေမှာကဗျာဆရာဟာ အနည်ထိုင်လာခဲ့ပြီထင်ပါရဲ့ဒုက္ခဆိုရင် ဆွတ်နေကျရေမွှေးလိုသင်းပျံ့လို့နေရဲ့။ အတောင်တွေရုပ်သိမ်းထားလိုက်ပါ ကဗျာဆရာပြန်ချိန်မရောက်သေးတာကို နားလည်ရဲ့မဟုတ်လားသံသယတွေမီးပုံထဲ ပစ်ထည့်လိုက်စမ်းပါ။ သောကမှန်ရင်...
◼️ခွန်းနီစီးကရက်တစ်ဗူးဘယ်လောက်လဲအရက်တစ်ပုလင်းဘယ်လောက်လဲဝက်ချိုချဥ်ကြော်တစ်ပွဲဘယ်လောက်လဲအာသာဖြေဖို့တစ်ညဘယ်လောက်လဲအားလုံးပေါပေါလောလောရတယ်။အသက်တစ်ချောင်းဘယ်လောက်လဲဘဝတစ်ခုဘယ်လောက်လဲအရှက်သိက္ခာနဲ့ကိုယ်ကျင့်တရားဘယ်လောက်လဲအားလုံးလွယ်လွယ်လေးလားအေးဟုတ်တယ်ငါတို့နိူင်ငံမှာအားလုံးလွယ်လွယ်လေးပဲ။ကြက်ကလေးလိုငှက်ကလေးလိုသေဖို့လွယ်လွယ်လေးကြက်ကလေးလိုငှက်ကလေးလိုလွတ်လပ်မှုတောင်မရှိတဲ့အခါမွေးမြူရေးငါးကန်ထဲကငါးတွေလိုအစွမ်းကုန်ကြီးထွားပြကြရပေါ့။အလောင်းချင်းထပ်နေတယ်သွေးစသွေးနတွေပွက်နေတယ်ကယ်ပါ ယူပါတဆာဆာပေါ့ငါတို့မှာဒီလောက်တောင်စျေးပေါခဲ့ရတယ်။သေဖို့အရေးလားနေဖို့အရေးလားအားလုံးဟာလွယ်လွယ်လေးသေမလိုဖြစ်ခဲ့တဲ့ကောင်တွေလဲဒုနဲ့ဒေးပါပဲ။သေသူတွေရဲ့တန်ဖိုးကိုဘယ်အရာတွေနဲ့ချိန်ထိုးမလဲစဥ်းစားလေလေပေါက်ကွဲခံပြင်းဒေါသဖြစ်လေလေပဲ။မခံနိူင်တော့ရင်လက်ညိုးလေးကွေးလိုက်ကြပြေးထွက်စရာမှမရှိတော့တာသူသေကိုယ်သေပဲလေအားလုံးဟာလွယ်လွယ်လေး။ (The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ ရေးဖွဲ့တဲ့ “အားလုံးလွယ်လွယ်လေးပဲ” ကဗျာ ကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ”...
တခါက …စာကြည့်တိုက် ပြတင်းပေါက်ကိုငေးပြည်သူတွေအကြောင်းတွေးနေခဲ့ဖူးတဲ့ … သူမတခါက …ခြံစည်းရိုး အပြင်ဘက်ကိုလက်ကမ်းပြည်သူတွေနဲ့ မမောမပမ်း စကားတွေပြောခဲ့ဖူးတဲ့ … သူမပြည်သူတွေအတွက် အမြဲလိုအပ်နေပေမယ့် …သူမကိုမလိုတော့ဘဲပြည်သူတွေဆက်သွားနေတာကို မြင်ချင်ခဲ့တဲ့ … သူမအခု … ဘယ်နေရာမှာရှိနေလဲအခု … ဘယ်မြင်ကွင်းကိုငေးနေမလဲအခု … ဘာအကြောင်းတွေတွေးနေလဲအခု … ဘယ်သူနဲ့...